Myanmar Mp3, Myanmar Music, Myanmar Song, Myanmar Rock, International Artist, Lady GaGa, New International Albums, Saving Grace, unbreakable, 2009, 2010,
Thailand Tour, Vietnam Tour, Luxury Tour, Vietnam By Local Expert Great
Rates, Back Home (Remix), There They Go (Remix), Be Somebody (Remix),
High Voltage (Remix), We Made It (Remix), Interlude, Cigarettes (Remix),
Leave Out All The Rest (Remix), Get Me Gone (Remix), In Stereo (Remix),
Believe Me (Remix), Remember The Name (Remix), Red To Black (Remix),
Right Now (Remix), EndingLinkinpark, LPResurrection, Myanmar Mp3,
Myanmar Music, Myanmar Songs, Myanmar Travle, Myanmar Hotel, Hotel,
Travel, Tour, Insurance, The Black Eyed Peas, Lady GaGa, Kings of Leon,
Dave Matthews Band, Taylor Swift, Colbie Caillat, The Fray, Pink, Kelly
Clearkson, Katy Perry, Beyonce, Adele, Zac Brown Band, Sugarland, Lady
Antebellum, Rascal Flatts, Green Day, Coldplay, U2, Britney Spears,
Jonas Brothers, Eminem, 50Cent, Lil Wayne, Jay Z
၁။ ငြိမ်းချမ်းပါစေ – အောင်ရင်+ဘိုဘို+ဖိုးဖန်
၂။ ချိုပေါ့ကျ – ထူးအိမ်သင်+ဖိုးဖန်
၃။ ရူးချင်ယောင်ဆောင်မနေနဲ့ – ထူးအိမ်သင်+အောင်ရင်+ဘိုဘို+ညီပုလေး+ဖိုးဖန်
၎။ ချစ်သူဝေး – ဘိုဘို+ညီပုလေး
၅။ ကိုယ်ချစ်တဲ့လမင်း – ထူးအိမ်သင်+အောင်ရင်+ညီပုလေး
၆။ နေရာချင်းသာလဲလိုက်ချင်တယ်- ထူးအိမ်သင်+ဘိုဘို
၇။ မျက်ကန်းချစ် – အောင်ရင်+ဖိုးဖန်
၈။ အကြောက်ဆုံးပါပဲ – အောင်ရင်+ညီပုလေး
၉။ နွေဝတ်ရုံ – ထူးအိမ်သင်+အောင်ရင်+ဘိုဘို+ညီပုလေး+ဖိုးဖန်
၁၀။ မင်းကိုလွမ်းတဲ့ည -ဘိုဘို+ဖိုးဖန်
Download Links
Mediafire
Rapidshare
{ 5 comments… read them below or add one }
ကိုအိုတူးခင်ဗျား
၁၉၉၉ ၂၀၀၀ ခုနှစ်ဝန်းကျင်လောက်က ငြိမ်းချမ်းပါစေ သီချင်းအယ်လ်ဘမ်ကို ပြန်တင်ပေးထားတာကို တွေ့ရတော့ ၀မ်းသာမိပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကျွန်တော်လဲ ကျွန်တော့်ဆီမှာ ရှိတဲ့ ငြိမ်းချမ်းပါစေ အမ်ပီသရီးတွေကို တင်ပေးနိုင်ဖို့အတွက် သီချင်းခေါင်းစဉ်တွေကို ပြန်စဉ်းစားလို့ရနိုင်အောင် ပြန်နားထောင်နေတဲ့အချိန်မှာ ကိုအိုတူး တင်ပေးလိုက်တဲ့ သီချင်းခေါင်းစဉ်တွေကို တွေ့လိုက်ရတော့ ၀မ်းသာမိပါတယ်ဗျာ။
ကျွန်တော်ထင်တာ မမှားဘူးဆိုရင် ကိုအိုတူးဆီမှာ အဲဒီသီချင်းအယ်လ်ဘမ်ရဲ့ အော်ဒီယိုစီဒီရှိမယ်လို့ ခန့်မှန်းမိပါတယ်။ တကယ်လို့များ ရှိခဲ့တယ်ဆိုလို့ရှိရင် ကျွန်တော်တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ အဲဒီအော်ဒီယို သီချင်းစီဒီကို ကျွန်တော် အော်ဒီယို ဖောမက်နဲ့ ကူးယူသိမ်းထားချင်ပါတယ်။ အခကြေးငွေ (သို့) ကူးယူခွင့် ပြုပါလို့ တောင်းဆိုပါရစေ။
အမ်ပီသရီးနားထောင်ရင်လည်း ကွာလတီက လက်ခံနိုင်ပေမယ့် တစ်ချိန်ချိန် ကျွန်တော်တို့ နိုင်ငံမှာ ကော်ပီရိုက်အတွက် မှတ်ပုံတင်နိုင်တာမျိုးတွေ ရှိလာတဲ့အချိန်အခါများကြရင် မှတ်ပုံတင်ထားနိုင်ဖို့အတွက် အော်ဒီယို ကွာလတီ သီချင်းတွေ လိုတယ်လို့ သိရပါတယ်။
ကျွန်တော်က လက်ရှိ ကိုထူးအိမ်သင်ရဲ့ သီချင်းတွေကို အကောင်းဆုံး ကွာလတီရအောင် ကျွန်တော်တတ်နိုင်သလောက် ဆုဆောင်းနေပါတယ်။
အားလုံးကျွန်တော် ဆုဆောင်းပြီးတဲ့ တစ်ချိန်မှာ ကျန်ရစ်ခဲ့တဲ့ သူ့မိတ်ဆွေတွေနဲ့ သူ့မိသားစုကို ကျွန်တော်စုဆောင်းထားတာတွေ အားလုံးကို ပြန်လည် မျှဝေပေးချင်ပါတယ်။
တစ်ချို့သော သီချင်းတွေက ကျွန်တော်သိသလောက် သူ့မိတ်ဆွေ အသိုင်းအ၀န်းတွေမှာတောင် သေသေချာချာ မရှိကြတော့တာကို ကြားဖူးပါတယ်။
ကျွန်တော် စုဆောင်းထားတဲ့ သီချင်း တစ်ချို့တစ်ဝက်ကိုတော့ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကတစ်ဆင့် သူ့မိသားစုဆီကို ရောက်အောင် ပေးပို့ခိုင်းထားပါတယ်။
ကိုအိုတူး ဘယ်မှာနေတယ် ဆိုတာကို ကျွန်တော်သေသေချာချာ မသိရတော့ ကျွန်တော်ဘယ်လို ဆက်သွယ်လို့ ရနိုင်တယ်ဆိုတာလေးကို သိချင်ပါတယ်။ ကျွန်တော့် လေ့လာကြည့်သလောက်တော့ ကိုအိုတူးက စင်ကာပူနိုင်ငံမှာ လက်ရှိနေထိုင်နေတယ် ဆိုတာကို သိရပါတယ်။ ကျွန်တော်လဲ စင်ကာပူမှာ နေနေတာမို့ ကျွန်တော့်ကို အီးမေးလ် ပို့ပေးပြီး ဆက်သယ်ပေးပါလို့ တောင်းဆိုပါရစေ။
ကျွန်တော့်အီးမေးလ်က ကေအိုပီအိုအီးတီအိခ်ျအေအာရ်@gmail.com ပါ။ မြန်မာစာလုံးများနေရာမှာ အင်္ဂလိပ်စာလုံးများကို အစားထိုးပြီး ရိုက်ပေးပါလို့ အသိပေးပါလိုတယ်ဗျာ။ အင်တာနက်မှာ အီးမေးလ်တွေကို တင်ပေးလိုက်ရင် spam ပြသနာက ဖြေရှင်းရတာ ခက်ခဲလို့ နားလည်ပေးစေလိုပါတယ်။
ဒီဆိုဒ်ရဲ့ တစ်နေရာမှာ ကိုအိုတူး ကျွန်တော့်ကို မေးထား၊ ပြောထားတဲ့ သီချင်းတွေ ကျွန်တော့်မှာ ရှိသင့်သလောက်တော့ ရှိပါတယ်။ အကုန်လုံးတော့ မရှိပါဘူး။ ကျွန်တော် ပြန်ရှာပြီး မျှဝေပေးပါဦးမယ်ခင်ဗျာ။
ချစ်ခြင်းအားဖြင့်
ဖိုးသား။
စာကြွင်း ။ ဒီဆိုဒ်ကို ဖြစ်ပေါ်လာအောင် စတင်တည်ထောင်ခဲ့ကြတဲ့သူတွေ အားလုံးနဲ့ သီချင်းများကို မျှဝေ၊ ဝေဖန် အကြံပေးကြတဲ့ ဂီတမိတ်ဆွေတွေကို ကျွန်တော်တို့ သိကြတဲ့၊ သိခဲ့ဖူးကြတဲ့၊ သီချင်းတွေ ၊ ဂီတသံစဉ်တွေအကြောင်း ဆွေးနွေးခွင့်ရတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ဗျာ…….
ကိုဖိုးသားရေ
ဟုတ်ပါတယ် … ကျနော်အခုလောလောဆယ် စင်္ကာပူမှာ အလုပ်လုပ်နေပါတယ် …
နောက်မှ ကျနော် ကိုဖိုးသား Email ကိုဆက်သွယ်ပါဦးမယ် … ကိုဖိုးသားမေးထားတဲ့ အဲဒီ့
ငြိမ်းချမ်းပါစေ Original အခွေကျနော့်မှာ မရှိဘူးဗျ … ကျန်ခဲ့တဲ့ ၃ နှစ်လောက်က ရန်ကုန်မှာ
သူငယ်ချင်းတွေနဲ့ စုနေ နေတုန်းက ရတာပဲ …. ဘယ်သူ့ဆီကမှန်းတောင်သိပ်မမှတ်မိတော့ဘူး
အဲဒီ့ Audio CD ကိုပဲ RIP လုပ်ပြီး MP3 ပြောင်းယူထားလိုက်တာ .. CD ကိုမကူးထားမိဘူး
သီချင်းနာမည်တွေတောင် ကူးမထားလိုက်မိဘူး .. ကိုယ့်ဘာသာ သီချင်းပြန်နားထောင်လိုက်ရင်
သီချင်းနာမည်တွေ ခေါင်းထဲမှာ ပြန်ပေါ်လာမှာပဲလို့ထင်နေတာ … အခုတကယ်ပြန်ချရေးတော့
တချို့သီချင်းနာမည်တွေက ပြန်စဉ်းစားလို့မပေါ်တော့ဘူး … အဲဒါနဲ့ သီချင်းကိုပြန်နားထောင်ပြီး
စိတ်ကူးနဲ့မှန်းပြီး နာမည်တွေကို ပြန်စီထားတာ .. အဲဒါကြောင့် .. အဲဒီ ကျနော်တင်ထားတဲ့
“ငြိမ်းချမ်းပါစေ” အခွေထဲမှာဆို တချို့အပုဒ်တွေက နာမည်နည်းနည်းမှားနိုင်တယ် … အကုန်လုံး
တော့ မဟုတ်ပါဘူး … နံပါတ် ၈ နဲ့ ၁၀ ..အဲဒီ သီချင်းနာမည်တွေ သိပ်မသေချာဘူး .. မှတ်မိ
သလောက် နဲ့ ဖြစ်နိုင်သလောက် စဉ်းစားပြီး သီချင်းနာမည်တွေ ပြန်စီထားတာ … နောက်ပြီး
နံပါတ် ၅ က “ကိုယ်ချစ်တဲ့လမင်း” ဖြစ်နေတယ် … အမှန်က “အလွမ်းရဲ့ည” ဖြစ်ရမှာ
လူကလဲ မှတ်ဉာဏ်သိပ်မကောင်းချင်တော့ဘူးဗျာ .. အဲဒီသီချင်းက ကျန်ခဲ့တဲ့ ၁ နှစ် ၂ နှစ်လောက်
ကပဲ Lလွန်းဝါ ပြန်ဆိုထားသေးတယ် .. အဲဒါကို ကျနော်ကမမှတ်မိဘူးဖြစ်နေတာ
ကိုဖိုးသား နဲ့ ကျနော် နဲ့ အကြံချင်းတူတယ်ဗျို့ … အဲ တူတာမဟုတ်ဘူးဗျ … နဲနဲ ဆင်တာ
ကျနော်လည်း ထူးအိမ်သင် သီချင်းတွေကို စုနေတာဗျ … Quality ကောင်းကောင်းလေးတွေပေါ့
ကျနော်ကတော့ ကိုယ့်ဘာသာ နားထောင်မယ် .. ကိုယ်နဲ့အကြိုက်ချင်းတူတဲ့သူတွေကို ဝေမျှမယ်
အဲ ..ကိုဖိုးသားလို ထူးအိမ်သင် ရဲ့မိသားစုဆီကို ပို့ဘို့ အထိတော့ မစဉ်းစားထားဘူးဗျ …
ကျနော့အထင် ထူးအိမ်သင်ရဲ့ ကျန်ရစ်သူမိသားစုမှာ သူထွက်ခဲ့တဲ့အခွေတွေ အကုန်ရှိမှာပဲဗျ …
ဒါပေမဲ့ CD တွေနဲ့ ဟုတ်ချင်မှဟုတ်မှာပေါ့ … MP3 လိုမျိုး ဘယ်လိုခေါ်မလဲ Digital Format နဲ့
ဟုတ်ချင်မှ ဟုတ်မှာပေါ့ … Tape နဲ့တော့ အကုန်ရှိနိုင်တယ်လို့ထင်ပါတယ် … ကျနော်တောင်
သူ့မိသားစု နဲ့ မခင်လို့ .. ခင်ရင် အဲဒီ အခွေတွေကို သွားဖွချင်နေတာ
နောက်ပြီး Quality ပြဿနာ .. အခု MMA မှာတင်ထားတဲ့ မှော်ဆရာအိပ်မက် Album ထဲမှာဆိုရင်
သီချင်းတစ်ပုဒ် မပါဘူး … အဲဒါနဲ့ တခြားဆိုဒ်တွေမှာရှာရင်း Esnips မှာသွားတွေ့တယ် …
Download လုပ်ပြီး နားထောင်ကြည့်တော့ Quality က အရမ်းကစုတ်ပြတ်သတ်နေတာပဲ
တတ်သလောက် မှတ်သလောက်လေး နဲ့ နားထောင်လို့ရအောင် နဲနဲပါးပါး ပြုပြင်ပြီး နားထောင်နေရတာပဲ
နောက်ကျနော်က ထူးအိမ်သင် အတွဲခွေ တွေမှာ ဆိုထားတဲ့ သီချင်းတွေကိုလဲစုနေတာဗျ …ကိုဖိုးသားပြော
သလိုပဲ ရှိသင့်သလောက်တော့ ရှိပါရဲ့ … ရင်ထဲက ဟစ်ကြွေးသံ ၁ နဲ့ ၂ ရယ် … နောက်ပြီး ပဉ္စဂံ ၁ ပေါ့နော်
အဲဒီအထဲက သီချင်းတွေ ကမရှိဘူးဖြစ်နေတယ် … “မျက်ကန်းချစ်” ဆိုတဲ့ သီချင်းလေး တစ်ပုဒ်တောင်
လမ်းအိုလေး ဆိုဒ်မှာတွေ့လို့ ကူးထားလိုက်ရတယ် … တကယ်လို့ ကိုဖိုးသားမှာ အဲဒီအခွေထဲက သီချင်းတွေ
ရှိရင်မျှပါဦးလို့တောင်းဆိုပါရစေ … ပြောရင်းနဲ့ကို ပြန်နားထောင်ချင်လာတယ် … “သက်တန့်လေး” တို့ ….
“အချစ်ဆိုတာ ခွင့်လွှတ်ခြင်းလို့ ပြောရင် ပြောပါစေကွာ ဘယ်သူနဲ့မှမင်းကို မတွေ့ချင်ဘူး သိရဲ့လား
နဲနဲမှ သဘောထားမကြီးနိုင်ပါ” တို့ …. “အဆိုးဆုံးဟေ့ ည ညဆို အိပ်မရဘူး .. အထူးအဆန်းလေးရဲ့ ကြာရင်လေ
ရူးမယ်” တို့ … အရင်တုန်းကဆို ဂစ်တာတီးပြီး ဟဲနေကျဗျ … အခုမှ အဲဒီသီချင်းတွေ ဘယ်မှာရှာရမှန်းမသိဘူး
ဖြစ်နေတာ … ကဲ ကိုဖိုးသားရေ … နောက်မှ Email လှမ်းပို့ပြီးဆက်သွယ်ပါဦးမယ်
ခင်မင်စွာဖြင့်
အိုတူး
ကိုအိုတူးခင်ဗျား
ကျွန်တော်လဲ ကိုအိုတူးဆီက အကြောင်းပြန်ကြားချက်လေးများ ရမလားဆိုပြီး စောင့်နေတာဗျ။
စင်ကာပူမှာ အလုပ်လုပ်နေတယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာတယ်ဗျာ။
ကျွန်တော့်မှာ ထူးအိမ်သင်ရဲ့ သီချင်းစာအုပ်တွေ ရှိသေးတယ်ဗျ။
နေဦးဗျာ။ ကျွန်တော်အခုပဲ ရှာကြည့်လိုက်ဦးမယ်။
ခက်တာက ကျွန်တော့်မှာ စကင်နာ မရှိဘူးဗျ။
အချိန်အားလေးများရရင် ဆက်သွယ်ပါဦးလို့ ပြောပါရစေ။
ချစ်ခြင်းအားဖြင့်
ဖိုးသား။
ကိုအိုတူးရေ
သီချင်းစာအုပ်တွေ တော့ ပြန်တွေ့ပြီ။
ငြိမ်းချမ်းပါစေ သီချင်းစာအုပ်တော့ သူငယ်ချင်းတွေ ငှားသွားတာ ပြန်မပေးကြတာနဲ့ မရတော့ဘူးဗျာ။
ကျွန်တော်မှတ်မိသလောက် ငြိမ်းချမ်းပါစေ အယ်လ်ဘမ်ထဲက သီချင်းတွေကို ပြန်စဉ်းစားမိလို့ ရသလောက် ပြန်တင်ပေးလိုက်ပါတယ်။
ငြိမ်းချမ်းပါစေ
၀၁။ ငြိမ်းချမ်းပါစေ ထူးအိမ်သင်+အောင်ရင်+ဘိုဘို+ညီပုလေး+ဖိုးဖန်
၀၂။ ချိုပေါ့ကျ ထူးအိမ်သင်+ဖိုးဖန်
၀၃။ ရူးချင်ယောင်ဆောင်မနေနဲ့ ထူးအိမ်သင်+အောင်ရင်+ဘိုဘို+ညီပုလေး+ဖိုးဖန်
၀၄။ ချစ်သူဝေး ဘိုဘို+ညီပုလေး
၀၅။ အလွမ်းရဲ့ည ထူးအိမ်သင်+အောင်ရင်+ညီပုလေး
၀၆။ နေရာချင်းသာလဲလိုက်ချင်တယ် ထူးအိမ်သင်+ဘိုဘို
၀၇။ မျက်ကန်းချစ် အောင်ရင်+ဖိုးဖန်
၀၈။ အကြောက်ဆုံးပါပဲ အောင်ရင်+ညီပုလေး
၀၉။ နွေအကြောင်း ထူးအိမ်သင်+အောင်ရင်+ဘိုဘို+ညီပုလေး+ဖိုးဖန်
၁၀။ မင်းကိုလွမ်းတဲ့ည ဘိုဘို+ဖိုးဖန်
သီချင်းနံပါတ် ၈ ကိုတော့ ကျွန်တော်လဲ မသေချာဘူးဗျာ။
စဉ်းစားကြည့်မိသလောက်တော့ မှန်တယ်ထင်တာပါပဲဗျာ။
ချစ်ခြင်းအားဖြင့်
ဖိုးသား။
ကို အိုတူးရေ
ကိုအိုတူးသီချင်းစာအုပ်ပြန်တွေပြန်တွေ့တယ်ဆိုတော့ ကျွန်တော်ပါကြားထဲကပျော်သွားတယ်ဗျ
သီချင်းစာသားနဲ့ ကော့တွေရှာနေတာပါ ဘယ်မှာမှ့ရှာလို့မရလို့အစ်ကိုရေ
ဖြစ်နိုင်ရင် scan ဖတ်ပြီးတင်ပေးပါလားခင်ဗျာ အလုပ်ရှုပ်သွားမလားမသိဘူးခင်ဗျ
ကျေးဇူးပါခင်ဗျာ