ဝါသနာရှင်များ၏ အများနားထောင်နိုင်သော အရည်အသွေးရှိ သီချင်းအပုဒ်လိုက်သော်လည်းကောင်း၊ အယ်လ်ဘမ်အားဖြင့်သော်လည်းကောင်း MP3 Format ဖြင့် MMA ကိုပို့ပေးနိုင်ပါသည်။ ကျွန်တော်တို့အနေဖြင့် ၀ါသနာရှင်များအားလုံး၏ သီချင်းများကို အွန်လိုင်းနားထောင်နိုင်အောင်လည်း ကြိုးစားဆောင်ရွက်ပေးသွားပါမည်။ ၀ါသနာရှင်များမှ imeem.com တွင်တင်ပေးနိုင်လျှင် အလွန်တရာ အဆင်ပြေပါသည်။
ဝါသနာရှင် အဆိုတော်များအနေဖြင့် အောက်ပါ အချက်၅ချက်ကို အီးမေးလ်တွင် ပြည့်စုံလုံလောက်စွာဖြည့်သွင်းပြီး mma@mmblogs.net သို့ပို့ခြင်းအားဖြင့် ကျွန်တော်တို့မှ တင်ဆင့်တင်ပေးပါမည်။
၁။ အဆိုတော်နာမည်
၂။ အယ်လ်ဘမ်နာမည် (ရှိခဲ့လျှင်)
၃။ သီချင်းနာမည်များ
၎။ Mediafire.com သို့မဟုတ် Zshare.net တွင်တင်ထားသောလင့်
၅။ Imeem.com တွင်တင်ထားသော အွန်လိုင်းနားထောင်ရန် Code
အထက်ဖော်ပြပါ ၅ ချက်တွင် နံပါတ်၅ မှလွဲပြီး ကျန်အချက်များအားလုံးကို ပြည့်စုံစွာဖြည့်ပေးလျှင် အလွန်အဆင်ပြေပါသည်။ Imeem.com တွင်တင်ရန်အဆင်မပြေပါက ချန်လှပ်ထားခဲ့နိုင်ပါသည်။ အဆင်မပြေမှုများရှိခဲ့လျှင် mma@mmblogs.net ကို Gtalk တွင်အပ်နှံနိုင်ပြီး ကျွန်တော်တို့ဖက်မှ တက်နိုင်သလောက် ကူညီသွားပါမည်။
အဆိုဝါသနာရှင်များအားလုံးကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရင်း…..

(16 votes, 4.63 out of 5)
{ 1 comment… read it below or add one }
i like this webstie. i like new singers.