” ထူးအိမ်သင်၏ ရှားပါးသော သီချင်းများ စုစည်းမှု ”

HtooEainThin

HtooEainThin

” ထူးအိမ်သင်၏ ရှားပါးသော သီချင်းများ စုစည်းမှု ”

ဂီတအနုပညာရှင် ကို ထူးအိမ်သင် သီဆိုခဲ့တဲ့ ရှားပါးသောပြီး ရှာဖွေရခက်တဲ့ သူ့သီချင်းများကို ဒီနေရာလေးကနေ တစ်ဦးနဲ့တစ်ဦး အတူတူဝိုင်းဝန်း ဝေမျှပေးကြရင်းနဲ့ စုဆောင်းနိုင်ကြဖို့အတွက် အကြံလေးဖြစ်ပေါ်ခဲ့တာ ကြာပါပြီ။

ကိုထူးအိမ်သင်ရဲ့ ပရိတ်သတ်တစ်ဦးအနေနဲ့ သူ့ရဲ့ ဂီတအနုပညာတန်ဖိုးကို တန်ဖိုးထားလေးစားမိပါတယ်။

သို့ပေမယ့် အခုလို အချင်းချင်း ဝေမျှချင်ရတဲ့ အဓိကအကြောင်းရင်းက သူ့ရဲ့ တစ်ချို့သော သီချင်းများကို လိုလိုချင်ချင် လိုက်လံ ရှာဖွေသည့်တိုင်အောင် အလွယ်အကူ ရှာဖွေမရနိုင်တဲ့အတွက်ကြောင့် သူ့သီချင်းများ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာကို စိုးရိမ်မိပါတယ်။

ဒီအတွက်ကြောင့် ကျွန်တော့်မှာ ရှိတဲ့သီချင်းများနဲ့ တစ်ခြားသူများဆီမှာ ရှိနေတဲ့ ကို ထူးအိမ်သင်ရဲ့ ရှားပါးသီချင်းများကို ကျွန်တော်နဲ့အတူ အတူဝိုင်းဝန်း ဝေမျှပေးဖို့အတွက် မေတ္တာရပ်ခံလိုပါတယ်။

ကျွန်တော့်ဆီကို မိမိမှာရှိတဲ့ သီချင်းများကို ဘယ်လိုပေးပို့ရမယ်မှန်း မသိရင် အောက်မှာ comment များ ၀င်ရောက်ရေးသား ပေးပို့လို့ရပါတယ်။
ပြန်လည်ဝေမျှပေးဖို့အတွက် ရေးသားရောက်ရှိ ပေးပို့လာမည့် သီချင်းများကို တစ်နေရာရာမှာ ပြန်လည်တင်ပေးပြီး မူရင်း မျှဝေပေးတဲ့ သူရဲ့အမည်ကို ကျွန်တော်က ဖော်ပြပေးပါမယ်။

ကိုထူးအိမ်သင်ရဲ့ ရှားပါးတဲ့ သီချင်းများကို အချင်းချင်း မျှဝေပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဝေမျှပေးကြဖို့အတွက်လည်း မေတ္တာရပ်ခံလိုပါတယ်။

ချစ်ခြင်းအားဖြင့်
ဖိုးသား။
…………….

ပထဦးဆုံးအနေနဲ့ ကျွန်တော့်မှာရှိတဲ့ ကို ထူးအိမ်သင်ရဲ့ ရှားပါးသီချင်းတစ်ပုဒ်ကို မျှဝေပေးလိုပါတယ်။

ဒီသီချင်းက သီချင်းချစ်သူများ နားထောင်ဖူးကြလိမ့်မယ်လို့ မထင်ပါဘူး။

နားမထောင်ဘူးတဲ့ သီချင်းတစ်ပုဒ်ဖြစ်တဲ့ အတွက် သီချင်းအသစ်တစ်ပုဒ် ဖြစ်တယ်လို့ ပြောနိုင်ပေမယ့် ဒီသီချင်းကို ရေးသားသီဆိုခဲ့တဲ့အချိန်ဟာ ၁၉၈၀ ၀န်းကျင်နှစ်များက သီဆိုခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်တယ်လို့ ပြန်လည်သိရှိရပါတယ်။

ဒီသီချင်းကို မန္တလေးမြို့သို့ ကိုထူးအိမ်သင် ၁၉၈၀ နှစ်ဝန်းကျင်နှစ်များက သွားရောက်ခဲ့တဲ့အချိန်မှာ သာမန်ကတ်ဆက်နဲ့ ဂစ်တာတီး သီချင်းဆိုကာ အသံသွင်းယူထားတာ ဖြစ်ပါတယ်။

ကတ်ဆက်မိုက်မှ ဖမ်းယူထားတဲ့ အတွက်ကြောင့် အသံကွာလတီ ကောင်းမွန်မှု မရှိပေမယ့် သီချင်းရဲ့ ရသနဲ့ အနှစ်သာရကိုတော့ သီချင်းသစ်သူများနဲ့ ကိုထူးအိမ်သင်ရဲ့ ပရိတ်သတ်က သူ့ရဲ့ဖန်တီးမှု အနုပညာကို သဘောက နှစ်ခြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

MEDIAFIRE


28 thoughts on “” ထူးအိမ်သင်၏ ရှားပါးသော သီချင်းများ စုစည်းမှု ”

  1. သီချင်းခေါင်းစဉ်ကို မသိပေမယ့် သီချင်းစာသားကို ဖော်ပြပေးလိုက်ပါတယ်။

    ချစ်ခြင်းအားဖြင့်
    ဖိုးသား။
    ……….

    ကြင်နာတယ်ဆို… မယုံတော့ဘူး..အချစ်ရေ…

    စိတ်နာတယ်.. မေ့ပစ်ချင်တယ်…

    ဒီမျက်လုံးနဲ့ လူကို ဖမ်းစားတတ်သူလေး….

    ဒဏ်ရာများ ပေးခဲ့.. ငါ့အသည်းလေး….

    နာကြင်ကွဲအက်ခဲ့.. မြင်မကောင်းတော့ဘူး….အိုး…

    နင်သိပ်ရက်စက်တယ်….

    အရင်အချိန်တွေလို… မပျော်တော့ဘူး.. အချစ်ရေ….

    မင်းလိုတာ… ရတဲ့အချိန်မှာ…

    ရင်ကိုခွဲလို့ လူကို.. ရက်စက်တတ်သူလေး….

    မလာနဲ့… ပြေး… ပြေး… ပြေး…

    ထွက်သွား… အဝေး….

    လူတွေ.. အများကြီးပဲ… ငါ့တစ်ယောက်တည်း….

    နင်သိပ်ရက်စက်တယ်…..

    CHO
    လူကို.. ဖမ်းစားတတ်တဲ့… (မိန်းကလေးပဲ)

    လူကို.. ရက်စက်တတ်တဲ့… (မိန်းကလေးပဲ)

    စွဲမက်စရာပဲ… (မိန်းကလေးပဲ)

    သိပ်လှတဲ့… (မိန်းကလေးပဲ)

    သိပ်ကြောက်စရာကောင်းတဲ့… (မိန်းကလေးပဲ)

    မိန်းကလေးပဲ….

    မလာနဲ့.. အဝေး….
    မလာနဲ့.. အဝေး….
    မလာနဲ့.. အဝေး…….

    ကြင်နာတယ်ဆို… မယုံတော့ဘူး..အချစ်ရေ…

    စိတ်နာတယ်.. မေ့ပစ်ချင်တယ်…

    ဒီမျက်လုံးနဲ့ လူကို ဖမ်းစားတတ်သူလေး….

    ဒဏ်ရာများ ပေးခဲ့.. ငါ့အသည်းလေး….

    နာကြင်ကွဲအက်ခဲ့.. မြင်မကောင်းတော့ဘူး….အိုး…

    နင်သိပ်ရက်စက်တယ်….

    အရင်အချိန်တွေလို… မပျော်တော့ဘူး.. အချစ်ရေ….

    မင်းလိုတာ… ရတဲ့အချိန်မှာ…

    ရင်ကိုခွဲလို့ လူကို.. ရက်စက်တတ်သူလေး….

    မလာနဲ့… ပြေး… ပြေး… ပြေး…

    ထွက်သွား… အဝေး….

    လူတွေ.. အများကြီးထဲ… ငါ့တစ်ယောက်တည်း….

    အိုး… နင်သိပ်ရက်စက်တယ်…..

  2. ဆိုင်းထီးဆိုင်၊ ခိုင်ထူး၊ ထူးအိမ်သင်၊ အောင်ရင်၊ စိုးလွင်လွင် အဆိုတော် ၅ ယောက်၊ ၁၉၉၀ ၁၉၉၁ ၀န်းကျင် နှစ်များက သီဆိုထားတဲ့ “ပဉ္စဂံတေးစု” အယ်ဘမ်ထဲက တေးရေးဆရာ ကိုရွှေဂျော်ဂျော် ရေး၊ ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ဖြစ်တဲ့ “မေ့ထားတယ်” သီချင်းကို မျှဝေပေးလိုက်ပါတယ်။

    ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။

    ချစ်ခြင်းအားဖြင့်
    ဖိုးသား။

    သီချင်းရယူရန်အတွက် ဒီကိုနှိပ်ပါ။

  3. Ayann koung bar del.Htoo Eain Thin yelt thachinn lay dway go ayann kyike par del.Thu ma shi dot delt nauk akhu htet ahti dot thu nayyar go asarr win nai melt singer myo ma twayt thayy bar buu.Thu lauk ma koung yin taung thu lauk nee nee koung delt thu htwett lar bar say lo bell hmyaw lint nay bar dell

  4. “အရိပ်” ရုပ်ရှင်ဇာတ်ကားထဲမှ ထူးအိမ်သင်ဆိုထားတဲ့ ဇာတ်ဝင်တေး ရှိရင် မျှဝေပေးဖို့ တောင်းဆိုပါတယ်…. သီချင်းနာမည်နဲ့ တေးရေးမသိပေမဲ့ သံစဉ်ရော စာသားပါ အရမ်းကောင်းတဲ့ သီချင်းပါ။

  5. ကိုဖိုးသားရေ…..ထူးအိမ်သင်ရဲ့ အမေ့ရုပ်ရည် နဲ့ ဇော်ဝင်းထွဋ်ရဲ့ unplugged ကိုတင်ပေးပါလို့တောင်းဆို
    ပါတယ်ဗျာ…
    အခုလိုသီချင်းတွေတင်ထားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်..

  6. ထူးအိမ်သင်သီချင်းတွေစုံအောင်တင်ပေးလို့ကျေးဇူးတင်ပါတယ်။ထူးအိမ်သင်ရဲ့အချစ်ဆိုသည်မှာပါတဲ့အမှတ်တရငယ်ချစ်ဦးအယ်လ်ဘမ်လေးရှိရင်တင်ပေးကြပါအုံးဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။

  7. ချစ်ခြင်းတရားနဲ့ပြည်ထောင်စု သီချင်းလေးတင်ပေးပါလားဗျာ။အရင်က ဟေမာနေ၀င်းလည်းဆိုခဲ့ပါတယ်။နောက် ခိုင်ထူးလည်းသီဆိုခဲ့ပါတယ်။။။ရျာပြီးတင်ပေးပါနော်…..

  8. ထူးအိမ်သင်နဲ့ကော်နီတို့စုံတွဲ ဆိုထားတဲ့ “တစ်စုံတစ်၇ာ” ဆိုတဲ့သီချင်း လိုချင်ပါတယ်။

  9. ထူးအိမ်သင် ပြန်ဆိုထားတဲ့ ” ပန်းတွေနှင့်ဝေ” သီချင်းလိုချင်ပါတယ်ဗျာ။

  10. ပန်းတွေနဲ့ ဝေကျနော့်မှာရှိတယ်ဗျ
    ဒါပေမဲ့နောက်ပိုင်းကနည်းနည်းလေးပြတ်နေလို့ 
    မတင်တာဗျ
    ကျနော်တင်လိုက်ပါ့မယ်ခဏလေးစောင့်ပါနော်
    ကော်နက်ရှင်သိပ်မကောင်းလို့ ပါ

  11. ‘မ’သီချင်းများစုစည်းမှုလိုမျိုး ‘အမေ’ နဲ့ပတ်သက်တဲ့သီချင်းတွေစုထားတာရှိရင်လိုချင်ပါတယ်ဗျာ။
    ထင်ရှားပြီးနားထောင်လို့ကောင်းတဲ့သီချင်းမျိုးတွေပေါ့၊
    အမြန်ဆုံးတင်ပေးလို့ရမယ်ဆိုရင် ကျေးဇူးအများကြီးတင်ပါတယ်။

  12. ဗျို့ … ကိုအောင်စည်.. အရိပ် ဇာတ်လမ်းထဲက သီချင်းထဲက ထူးအိမ်သင်ရဲ့ အစိမ်းရောင်နေ့ စွဲများ ထဲမှာ ပါတယ်လေ… ပြန်မဆုံတော့ဘူးကွယ်.. မင်းကို ကိုယ် ချစ်ခဲ့တယ် ဆိုတဲ့ သီချင်း မဟုတ်လား…

  13. အစ်ကိုတို့ ရေ….ထူးအိမ်သင်ရဲ့  “ကျေးလက်ကဆရာသူငယ်ချင်းရေ… စိတ်ဓါတ်လေး ဖြူစင်သန့် ရှင်းတယ်… မင်းအတွက်ဂုဏ်ယူလိုက်ပါတယ်…” ဆိုတဲ့ သီချင်းရယ်.. “ညီလေးရေ..” ရယ်.. နောက်ပြီး.. “ကမ္ဘာမြေ ငြိမ်းချမ်းပါစေ..ကျေးငှက်တွေ ဆုတောင်းနေ…” ဆိုတဲ့ “ငြိမ်းချမ်းပါစေ” သီချင်းရယ်.. ရှိရင်တင်ပေးပါဦးဗျာ..

  14. [email protected]

    အစ်ကို..ရေ..ကျွန်တော်..ထူးအိမ်သင်ဆိုထားတဲ့..
    အချစ်ဆိုသည်မှာ..သီချင်းလိုက်၇ှာနေတာ..အတော်ကြိးကြာနေပြီ..
    လုံးဝကို..မတွေ့သေးဘူး..
    ၇ှိလို့..ရှင်..share ကျပါဦး..

    ကယ်တော်မူကျပါ..နားထောင်ချင်လို့ပါ.:)

  15. တောင်းဆိုထားတဲ့ – အစ်ကို..ရေ..ကျွန်တော်..ထူးအိမ်သင်ဆိုထားတဲ့..
    အချစ်ဆိုသည်မှာ..သီချင်းလိုက်၇ှာနေတာ..အတော်ကြိးကြာနေပြီ..
    လုံးဝကို..မတွေ့သေးဘူး..
    ၇ှိလို့..ရှင်..share ကျပါဦး..
    ကယ်တော်မူကျပါ..နားထောင်ချင်လို့ပါ.:)

    အောက်ကလင့်မှာ ဒေါင်းနိုင်ပါပြီ -
    http://ifile.it/zcgky4n/a%20chit%20so%20the%20mhar.mp3

  16. “အရိပ်” ရုပ်ရှင်ဇာတ်ကားထဲမှ ထူးအိမ်သင်ဆိုထားတဲ့ ဇာတ်ဝင်တေး ရှိရင် မျှဝေပေးဖို့ တောင်းဆိုပါတယ်…. သီချင်းနာမည်နဲ့ တေးရေးမသိပေမဲ့ သံစဉ်ရော စာသားပါ အရမ်းကောင်းတဲ့ သီချင်းပါ။…
    အဲဒါလေးကို ကျွန်တော်လဲ လိုချင်ပါတယ်ဗျာ..ရှိခဲ့ရင် ရှယ်ပေးပါဗျာ
    အထူးကျေးဇူးတင်ပါတယ်

  17. အရိပ်ရုပ်ရှင်ထဲက ဇာတ်ဝင်သီချင်းလေး လိုချင်မိပါတယ်ဗျာ။ နောက်ဆုံး သီချင်းချည်း သက်သက်မရှိရင်လည်း အဲဒီရုပ်ရှင်တင်ထားတဲ့ site ကိုသိရင် ညွှန်ပေးပါ။

    ကျေးဇူး အထူး… :)

  18. Verse:
    ငါဟာတိမ်တိုက်ပါ………..
    …………….
    ခြှိုဖူဖြူလေးလို……တောင်ပံတွေမရှိပါ…..လေနင်ရာမျောလွင့်လို့ သွား ။
    ……
    Cho:
    အချစ်နဲ့အမုန်း..အားလုံးသက်မဲ့ဖြတ်လာ…..
    အနစ်မဲ့တဲ့ဘ၀ကအမှားယွင်းများစွာ…
    ပြီးဆုံးခွင့်တစ်ခုတော့လိုလား….
    ကူညီနိုင်မလား…..။

    ဒီသီချင်းလေးကို..ရှာဖွေမျှဝေပေးပါခင်ဗျာ…….။

  19. ကျွန်တော့်ဆီမှာ ထူးအိမ်သင် ရဲ့ ရှားပါးသီချင်းဟောင်းလေးတွေ တော်တော်များများရှိပါတယ်။ ကိုဖိုးသားဆီကိုဘယ်လို ပို့ပေးရမလဲသိချင်ပါတယ်။

    @George.S သီချင်းနာမည်က “ငါတိမ်တိုက်” ပါ က ကျွန်တော့်ဆီမှာရှိပါတယ်။

Leave a Reply

You must be logged in to post a comment.