November 20th, 2008
You are browsing the archive for November 20th, 2008.
ကျေးဇူးတင်ပါတယ်… mmblogs.net ရယ်….
(၁)လမှာအနည်းဆုံး(20)ခန့်ထွကနေတဲ့ မြန်မာသီချင်း တော်တော်များများကို အကုန်နီးပါးဝယ်ယူရရင် ငွေတော်တော်ကြီးကိုကုန်နိုင်သည်။ဒီကြားထဲ ကောင်းတယ်ပြောလို့ (ကြော်ငြာအားကောင်းလွန်းလို့) ၀ယ်လာခဲ့တဲ့အခွေ အိမ်ရောက်နားထောင်ပြီးတော့မှ မကြိုက်တာနဲ့မကောင်းတာနဲ့ဆိုရင် သီချင်းခွေဝယ်ရတဲ့ အလုပ်ကတော်တော်လေးကို ကသီနိုင်မဲအလုပ်ဖြစ်၏။ ၀ယ်ပြီးသားအခွေ ထစ်ရင်ထောက်ရင် သာပြန်လဲပေးသည်။ဝယ်သွားပြီး အိမ်ရောက်မှ မကြိုက်လို့ဆိုတဲ့အခွေကိုတော့ မည်သည့်ဆိုင်ကမှ ပြန်လဲပေးသည်ဟုလည်း မကြားဖူးသေး..။ဒီတော့ သီချင်းကို ခံစားဖို့ အပန်းဖြေဖို့ဝယ်မယ်ဆိုရင် ဆုံးဖြတ်ချက်မှန်ဖို့က တော်တော်ကြီးကို ရဲရင့်ရမဲ့ ဒုက္ခပေပဲ။
ကျွန်တော်မှာလည်း အရင်က ဒီဒုက္ခတွေရှိခဲ့ပါတယ်…။အရင်ကကျွန်တော်အလုပ်လုပ်တဲ့ စာစီစာရိုက်ဆိုင်ကလေးက Mp3လည်း တစ်ခါတစ်လေသွားပေးရတော့ Mp3အခွေအသစ်ထွက်ရင်တော်တော်များများကို ၀ယ်ဖြစ်ပါတယ်…။အချို့ ပရိသတ်ကြားမှာ ရေပန်းစားပေါက်ရောက်သွားတဲ့ အခွေတွေကတော့ အရင်းကြေအမြတ်ရပေမဲ့ တစ်ခါတစ်လေ အခွေသစ်ဝယ်ထားတယ် ဒီအဆိုတော်အသစ်လေးရဲ့ ခွေသစ်သစ်ချွတ်လေး ထွက်တယ်ဆိုတာကို ကိုယ်ပြောမှ လာသွင်းတဲ့သူက သိရတဲ့အခါ မျိုးတောင်ရှိသေးတယ်..။ ဒါမျိုးကိုတစ်ချို့ဆိုင်တွေဆိုရင် ရောင်းရပြီးရော ကောင်းတယ်အတင်းယူလုပ်နေ တာ… တော်တော်လေး ကိုလည်း တတ်နိုင်ပါ့..။ကျွန်တော်ကတော့ [...]

Recent Comments