(၁)လမှာအနည်းဆုံး(20)ခန့်ထွကနေတဲ့ မြန်မာသီချင်း တော်တော်များများကို အကုန်နီးပါးဝယ်ယူရရင် ငွေတော်တော်ကြီးကိုကုန်နိုင်သည်။ဒီကြားထဲ ကောင်းတယ်ပြောလို့ (ကြော်ငြာအားကောင်းလွန်းလို့) ၀ယ်လာခဲ့တဲ့အခွေ အိမ်ရောက်နားထောင်ပြီးတော့မှ မကြိုက်တာနဲ့မကောင်းတာနဲ့ဆိုရင် သီချင်းခွေဝယ်ရတဲ့ အလုပ်ကတော်တော်လေးကို ကသီနိုင်မဲအလုပ်ဖြစ်၏။ ၀ယ်ပြီးသားအခွေ ထစ်ရင်ထောက်ရင် သာပြန်လဲပေးသည်။ဝယ်သွားပြီး အိမ်ရောက်မှ မကြိုက်လို့ဆိုတဲ့အခွေကိုတော့ မည်သည့်ဆိုင်ကမှ ပြန်လဲပေးသည်ဟုလည်း မကြားဖူးသေး..။ဒီတော့ သီချင်းကို ခံစားဖို့ အပန်းဖြေဖို့ဝယ်မယ်ဆိုရင် ဆုံးဖြတ်ချက်မှန်ဖို့က တော်တော်ကြီးကို ရဲရင့်ရမဲ့ ဒုက္ခပေပဲ။
ကျွန်တော်မှာလည်း အရင်က ဒီဒုက္ခတွေရှိခဲ့ပါတယ်…။အရင်ကကျွန်တော်အလုပ်လုပ်တဲ့ စာစီစာရိုက်ဆိုင်ကလေးက Mp3လည်း တစ်ခါတစ်လေသွားပေးရတော့ Mp3အခွေအသစ်ထွက်ရင်တော်တော်များများကို ၀ယ်ဖြစ်ပါတယ်…။အချို့ ပရိသတ်ကြားမှာ ရေပန်းစားပေါက်ရောက်သွားတဲ့ အခွေတွေကတော့ အရင်းကြေအမြတ်ရပေမဲ့ တစ်ခါတစ်လေ အခွေသစ်ဝယ်ထားတယ် ဒီအဆိုတော်အသစ်လေးရဲ့ ခွေသစ်သစ်ချွတ်လေး ထွက်တယ်ဆိုတာကို ကိုယ်ပြောမှ လာသွင်းတဲ့သူက သိရတဲ့အခါ မျိုးတောင်ရှိသေးတယ်..။ ဒါမျိုးကိုတစ်ချို့ဆိုင်တွေဆိုရင် ရောင်းရပြီးရော ကောင်းတယ်အတင်းယူလုပ်နေ တာ… တော်တော်လေး ကိုလည်း တတ်နိုင်ပါ့..။ကျွန်တော်ကတော့ အမှန်အတိုင်းပဲရောင်းပါတယ်..ကောင်းတဲ့အခွေကိုလည်းကောင်းတယ်ပြောပြီးတော့ တစ်ကယ်မကောင်းတဲ့အခွေကလည်း မကောင်းဘူးပေါ့..။ဒါကြောင့်လည်း ဗိုလ်ချုပ်လမ်းက ကျွန်တော်ဆိုင်ကလေးက တော်တော်လေးကို လူစည်ခဲ့ဖူးတယ်…(တော်တော်လေးတော့ ကြာခဲ့ပါပြီ….) လာသွင်းတဲ့အထဲမှာလည်း ဖုန်းကြီးတွေက အများဆုံးပဲလေ…။တတ်လည်းတတ်နိုင်တဲ့ ဦးဇင်းတွေဗျား..တစ်ချို့တစ်လေများဆို JXD၀ယ်ကိုင်ပြီး moviesမှ ကြည့်တာဆိုပဲဗျ.. ဟဲ..ဟဲ..။အဲ..နောက်တော့ လုပ်ငန်းပထမအဆင့်တိုးချဲ့တဲ့အနေနဲ့ ကွန်ပြူတာ(၂)လုံးကို အင်တာနက်(ADSL)ချိတ်ပေးတယ်
နောက်ပြီးတော့ … DV lottery စလုပ်ကြတယ်…။အင်း.. ကျွန်တော်စပြောမဲ့အကြောင်းကလည်း အဲဒီကစမှာပါခင်ဗျ… ။ ![]()
အင်တာနက်နဲ့ ကမ္ဘာပတ်နေတဲ့ ခေတ်ကြီးမှာ ဗြုံးစားကြီးကို အင်တာနက်က ကိုယ်ရှေ့ရောက်လာတော့ ကျွန်တော်လည်း မျောက်အုံးသီးရတယ် ဆိုတဲ့အတိုင်း နေ့တိုင်းကို ၀င်ဝင်ကလိဖြစ်ခဲ့ပါတယ်…။မြန်မာ websiteတော်တော်များများနဲ့ ရင်းနှီးခဲ့ပြီးတဲ့
အချိန်ကျမှ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးခဲ့လို့ mp3.mmblogs.net ဆိုတဲ့ Wordpress လေးနဲ့စတင် မိတ်ဆက် အသုံးပြုဖြစ်ခဲ့ပါတယ်…။ သီချင်းဖိုင်တော်တော်များများရဲ့ ကောင်းမွန်တဲ့အသံ၊ ဒေါင်းလုပ်ဆိုရာတွင် အခက်အခဲမရှိစေရန်(တစ်ခုမရ
တစ်ခု အစီအစဉ်ဖြင့်) လိုင်းပွားများဖြင့်တင်ပေးသော စနစ်။ပြီးတော့ အခါအားလျှော်စွာ အပြင်တွင်ပေါက်နေသော အခွေများထဲမှ သီ
ချင်းများကို (ကောင်းရင်ကောင်းသလို) တစ်ပုဒ်ချင်းစီတင်ပေးတဲ့ ပုံစံလေးတွေကြောင့် သီချင်းတော်တော်များများကို mmblogs.net
မှ ဆွဲဖြစ်ခဲ့တာများပါသည်…။ အခွေဝယ်ရတဲ့အခက်အခဲလည်းတော်တော်လေးကို နည်းပါး(မရှိသလောက်ကို)ဖြစ်သွားပါပြီ…။ ထို့ကြောင့် ပထမ အကြိမ် အနေ နှင့် mmblogs.net ကိုကျေးဇူးတင်ရမည်ဖြစ်ပါသည်…။
mmblogs.net၏ အပြည့်အ၀ကျေးဇူးများကိုပြောပါဆိုရင် ဒီထက်များပါသေးသည်…။သီဆိုသူ ကျား/မ အစဉ်လိုက်ရှိမှု..။ တေးသံရှင်တော်တော်များများ၏ သီချင်းတော်တော်များများကြီးကိုစုံလင်မှု..။တစ်ခါတစ်လေ တေးစီးရီး ပုံစံမဟုတ်ပဲ အပြင်တွင်ပေါက်
နေသော သီချင်းများကို တင်ပေးထားခြင်းပင်ဖြစ်သည်..။ဥပမာဆိုလျှင် မျိုးကြီး ရဲ့ မြန်မာဘီယာသီချင်းလေ…
.ဟိုးအရင်အရင်
ကပေါက်ခဲ့သော တစ်ပုဒ်စနှစ်ပုဒ်စဇတ်ဝင်တေးများကို ပြန်လည် တင်ထားပေးခြင်းမျိုးကလည်း ရှိပါသေးသည်…။တော်တော်ကို ကျေးဇူး
တင်ဖို့ ကောင်းနေပါပြီတကား..။သီချင်း Post များကိုမှန်မှန်တင်ပေးသော ကိုကိုလူချော/မမချောချောတို့ ဘေးဘယာဝေးကွာပြီး ကျန်းမာနိုင်ကြပါစေဗျာ…။
ယခုတော့ နောက်ဆုံးအနေနဲ့ကျေးဇူးတင်ရမဲ့ ကျွန်တော်ကို Member အဆင့်တိုးမြင့်ပေးခြင်းကိုပါပဲ…။ကျွန်တော်member
ဖြစ်တာနဲ့ အညီ နောက်ပိုင်းကျွန်တောဆီတွင်ရှိသော ရှားပါးသီချင်းများကိုလည်းတင်ပေးပါအုံးမည်ခင်ဗျာ…။တစ်ကယ်ကိုနောက်ဆုံး အနေနဲ့ ပြောချင်တာက တော့ ကျွန်တော်ဟာ မောင်မိုးညို ဖြစ်တယ်ဆိုတာရယ်…/ကျွန်တော်ရှိမဲ့ Blogကတော့ http://lifesforall.blogspot.comဆိုတဲ့အကြောင်း…နဲ့ အားလုံးကို…
ကျေးဇူးတင်ပါတယ် ခင်ဗျာ…။
~မိုးညို~(planet)

