တခါတလေကျတော့လဲ လောကကြီးဟာ ငြီးငွေ့စရာကောင်းသလိုခံစားရတတ်ပါတယ်
ဘာမှကိုလုပ်ချင်ကိုင်ချင်စိတ်မရှိ ကိုယ့်ဟာကိုယ်လဲ လောကကြီးမှာ ဘာမှအသုံးမဝင်တော့သလိုမျိုး
တစ်ခုခုကိုပဲ ပေါက်ကွဲချင်တော့သလို ဒါပေမဲ့ စိတ်ထဲက မဝံ့မရဲနဲ့ပေါ့
လောကကြီးအကြောင်းဘာမှကိုမသိတော့သလို လောကကြီးအကြောင်းကိုလဲ ဘာမှမသိချင်တော့သလိုမျိုး ခံစားချက်တွေဟာ
——-
ဒီလိုမျိုး ခံစားချက်တွေကို ခံစားဖူးရင်တော့ ဒီသီချင်းလေးကို ခံစားနိုင်မှာပါ
ဒီသီချင်းထဲမှာအကြိုက်ဆုံး စာသားလေးကိုပြပါဆိုရင်တော့ အများကြီးပါပဲ
>>>>
တစ်နေ့ပီးတစ်နေ့
တစ်ရက်ပီးတစ်ရက်
စိတ်ထဲမှာရှုပ်ထွေးနေဆဲပဲ
ခံစားရမယ်ဆိုတာတွေ
တစ်ခုမှမသိချင်ဘူး
မှန်ရှေ့မှာရပ်ကြည့်
ငါ့ကိုငါဘာမှန်းမသိ
ဒီနေ့လဲခါတိုင်းလိုပဲ
ဖြစ်နေဦးမယ်
ခန့်မှန်းမိ
မျက်နှာသစ်သွားတိုက်
နေ့တစ်နေ့ကိုအစပြုလိုက်
ကော်ဖီလေးတစ်ခွက်သောက်ရင်း
ဘာလုပ်ရမလဲစဉ်းစားလိုက်
အချိန်တွေမသိတာ
တစ်လ လောက်ရှိ
ဒီနေ့ကျမှ နာရီကြည့်
ဘာမှမထူးတဲ့ အချိန်မှန်းသိ
ကတ်ဆတ် ဖွင့်ပီးနားထောင်ကြည့်
ဘာဆိုနေမှန်းလုံးဝမသိ
ပီးသွားတော့မှကောက်ကိုင်ကြည့်
*Eminen*မှန်းနောက်မှသိ
*Rap Metal*ဆိုအရမ်းကိုမုန်း
*Hip Hop*ဆိုတာဘာတွေတုန်း
*အားလုံးလက်တွေ
လေထဲကိုမြောက်ထားလိုက်*
>>>>>>
ဒါကတော့ ကြိုက်မိတဲ့ စာသားတစ်ချို့ပါ
သီချင်းအမျိုးအစားကတော့ Old School Rap With Rock Melody
သီဆိုတဲ့အဖွဲ့ကတော့ 2pluz ပါ (for more information www.2pluz.net)
ဒါကတော့ ကျွန်တော်ကြိုက်မိလို့သာရေးမိတာပါ
သူငယ်ချင်းတို့ရော ဘယ်လိုနေမလဲ ဆိုတာကိုတော့ ကိုယ်တိုင်နားဆင်ပီးသာဝေဖန်ကြည့်လိုက်ပါ


(7 votes, 3.86 out of 5)