တရားတော်အခွေများ

1 Star2 Stars3 Stars4 Stars5 Stars (6 votes, 3.83 out of 5)
Loading ... Loading ...

ဗုဒ္ဓဘာသာဝင်များအတွက် link ကောင်းလေးတစ်ခု

damahha

တရားတော်ကို ချစ်မြတ်နိုးကြတဲ့ ဗုဒ္ဓဘာသာ တိုင်းအတွက် ဆရာတော်ပေါင်းများစွာရဲ့ တရားတော်ပေါင်းများစွာကို မြန်မာလို၊ အင်္ဂလိပ်လို ပါရတဲ့ တရားတော် link တစ်ခုကို တရားချစ်ခင်သူတော်စဉ်များအတွက် ဝေမျှလိုက်ပါတယ်…

ရနိုင်သည့်တရားတော်များ

  • တရားတော် mp3 (မြန်မာလို၊ အင်္ဂလိပ်လို)
  • ဗုဒ္ဓပိဋိကပေါင်းများစွာ
  • ဗုဒ္ဓအဘိဓ္ဓမာပေါင်းများစွာကို download ပြုလုပ်နိုင်ပါပြီ။

http://www.dhammadownload.com

တရားထူးတရားမြတ်များရနိုင်ကြပါစေ…

1 Star2 Stars3 Stars4 Stars5 Stars (12 votes, 3.25 out of 5)
Loading ... Loading ...

နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ တရားတော်

သပိတ်အိုင်တောရကျောင်းတိုက် ဆရာတော် (သဲကုန်းဆရာတော်)  ဦးညာဏိဿရ (ယခု သီတဂူ ဆရာတော်ဘုရားကြီး) မှ ဟောကြားတော် မူခဲ့သည့် “နောက်ဆုံးဆယ်လ မြတ်ဗုဒ္ဓ” တရားတော်အား တရားချစ်ခင် သူတော်စဉ်များအတွက် ဝေမျှလိုက်ပါသည်။

မှတ်ချက်။ ။ Link ပေါ်တွင် right click ထောက်၍ Save Link As… ဖြင့်ရွေး၍ file အား download ပြုလုပ်ပေးကြပါရန်။

အပိုင်း ၁

အပိုင်း ၂

မြတ်စွာဘုရား ၏ တရားတော်တို့ကို နာကြားခွင့်ရသူ တို့သည် အလွန့်အလွန် ဘုန်းကံကြီးကြပါပေသည်။ (မိထွေးတော်ဂေါတမီ)

(အထက်ပါတရားတော်များကို http://www.dhammaweb.net/dhammadb/ မှ တရားချစ်ခင်သူတော်စင်များအတွက် ထပ်ဆင့်ဝေမျှလိုက်ပါသည်)

sidagu

1 Star2 Stars3 Stars4 Stars5 Stars (19 votes, 4.42 out of 5)
Loading ... Loading ...

သူရသတီမယ်တော် နှင့် ၃၇မင်း နတ်များအကြောင်း

မြန်မာဗုဒ္ဓဘာသာများ ကိုးကွယ်မှု မလွဲမှားစေရန် ရည်ရွယ်၍ “သူရသတီမယ်တော် နှင့် ၃၇မင်း နတ်များအကြောင်း” အား သပိတ်အိုင်တောရကျောင်းတိုက် ဆရာတော် ဦးညာဏိဿရ (ယခု သီတဂူ ဆရာတော်ဘုရားကြီး) မှ လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော် လောက်တွင် ဟောကြားတော် မူခဲ့သည့် တရားတော်အား တရားချစ်ခင် သူတော်စဉ်များအတွက် ဝေမျှလိုက်ပါသည်။

၃၇မင်းနတ်များအကြောင်း

sidagu

1 Star2 Stars3 Stars4 Stars5 Stars (15 votes, 4.00 out of 5)
Loading ... Loading ...

ဆရာတော် ဦးဇောတိက – အောင်မြင်သောဘဝ တရားတော်


လူတိုင်းဟာ စိတ်ချမ်းသာမှု့ရှာနေကြတာ။ ဘယ်လိုနည်းနဲ့များ စိတ်ချမ်းသာမှု့ကို ရမယ် ထင်နေကြသလဲ။ များသောအားဖြင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ကိုယ့်ခေါင်းထဲထည့်ပေးတဲ့ အယူအဆဖြစ်တဲ့ ” သူများထက်ပိုပြီး အဆင့်အတန်းမြင့်မြင့်နေနိုင်ရင် စိတ်ချမ်းသာမယ်၊ ပိုက်ဆံများများရှိရင် စိတ်ချမ်းသာမယ်၊ ရာထူးတွေအမြင့်ကြီးရှိရင် စိတ်ချမ်းသာမယ် ” လို့ ထင်နေကြတယ်။ ဒီလိုလူတွေဟာ စိတ်အချမ်းသာဆုံးလူတွေ ဟုတ်ရဲ့လားဆိုတာ တကယ်လက်တွေ့ အကဲခတ်ကြည့်စမ်းပါ။ အချို့ကိစ္စတွေမှာ ပစ္စည်းဥစ္စာ၊ ရာထူးအဆင့်အတန်းမြင့်မားတဲ့လူတွေဟာ စိတ်အဆင်းရဲဆုံးလူတွေဖြစ်နေတာ တွေ့ရတယ်။
If I devalue you, I devalue myself.
သူတပါးကိုတန်ဖိုးချလိုက်ရင် ကိုယ့်ကိုကိုယ်ပါ တန်ဖိုးချရာရောက်တယ်။ သူတစ်ပါးကို မလေးမစား ဆက်ဆံပြီဆိုရင် ကိုယ့်ကိုကိုယ်လည်း လေးစားလို့မရတော့ဘူး။
အဲဒီလိုသိဖို့ဆိုတာ ကိုယ်စိတ်ကိုသိနိုင်တဲ့ နူးညံ့သိမ်မွေ့မှုရှိတဲ့သူ၊ သတိ သမာဓိ ဉာဏ်ပညာရှိတဲ့သူမှသာ သိနိုင်ပါတယ်။ သတိ သမာဓိ ဉာဏ်ပညာမရှိတဲ့သူတွေကတော့ ဒေါသနဲ့ ဆက်ဆံမယ်၊ မာနနဲ့ ဆက်ဆံမယ်၊ က္ကုသာမစ္ဆရိယနဲ့ ဆက်ဆံမယ်၊ လောဘနဲ့ ဆက်ဆံမယ်၊ အဲဒီလို လောဘ၊ ဒေါသ၊ မာန၊ က္ကုသာမစ္ဆရိယ အားကြီးနေလို့ ကိုယ့်ကိုကိုယ် ထိခိုက်နေတာတောင်မှ မသိတော့ဘူး။ ဒါကြောင့် လောကကြီးကို ကောင်းစေချင်တယ် ဆိုရင် သတိနဲ့နေတဲ့လေ့အကျင့်လုပ်ပါ။ သတိနဲ့နေလာရင် ကိုကိုယ်ကို အများကြီးသိလာလိမ့်မယ်။ ကိုယ်စိတ်ကို အများကြီးသိလာမှသာ သူတစ်ပါးစိတ်ထဲဘယ်လိုခံစားရတယ်တိုတာ နဲ့နဲ့သိလာပါလိမ့်မယ်။ (more…)

1 Star2 Stars3 Stars4 Stars5 Stars (16 votes, 3.88 out of 5)
Loading ... Loading ...

မြတ်ရွှေတိဂုံသမိုင်း

ရွှေတိဂုံစေတီတော် မြတ်ကြီး စတင်ဖြစ်ပေါ်လာပုံအား သီတဂူဆရာတော် ဘုရားကြီးမှ Documentary တစ်ခုအနေနှင့် ပြောကြားထားသော မြန်မာတို့အတွက် အလွန်တန်ဘိုးရှိသည့် သမိုင်းကြောင်းတစ်ခုဖြစ်ပါသည်။ ခေတ်အဆက်ဆက်၊ မင်းအဆက်ဆက်၊ မည်သို့ထိန်းသိမ်းခဲ့ပုံ ကာကွယ်ခဲ့ရပုံများကို တအံ့တသြ ကြားသိရမည်ဖြစ်ပါသည်။

မြတ်ရွှေတိဂုံ-၁

1 Star2 Stars3 Stars4 Stars5 Stars (16 votes, 4.56 out of 5)
Loading ... Loading ...

အိမ်သစ်တက်၊ ဘုရားကိုးဆူ၊ ဘုရားအနေကဇာတင် မင်္ဂလာများ ပေါ်ပေါက်လာရသည့် သမိုင်းကြောင်းများ

အိမ်သစ်တက်၊ ဘုရားကိုးဆူ၊ ဘုရားအနေကဇာတင် မင်္ဂလာများ ပေါ်ပေါက်လာရသည့် သမိုင်းကြောင်းများကို သပိတ်အိုင်ဆရာတော် အရှင်ညဏိဿရ (ယခု သီတဂူဆရာတော်ဘုရားကြီး) မှ ၁၉၈၈ ခုနှစ်တွင် အိမ်သစ်တက်၊ ဘုရားကိုးဆူ မင်္ဂလာအခမ်းအနားတခု တွင် ဟောကြားခဲ့သည့် ဗုဒ္ဓဘိသေက မင်္ဂလာတရားတော်ကို တရားချစ်ခင် သူတော်စင်များအတွက် ဓမ္မဒါန အဖြစ်ဝေမျှလိုက်ပါတယ်။

ဗုဒ္ဓဘိသေက မင်္ဂလာ

1 Star2 Stars3 Stars4 Stars5 Stars (10 votes, 4.20 out of 5)
Loading ... Loading ...

မိဘနှင့်သားသမီးများအတွက် “အမွေခံထိုက်သူဖြစ်ပါစေ” တရားတော်

မကွေးမြို့တွင်ဟောကြားခဲ့၍ ရန်ကုန်မြို့တွင် အလွန် ကျော်ကြားခဲ့သော မိဘနှင့်သားသမီးများအတွက် မြတ်စွာဘုရားမှ ဟောကြားထားပုံကို မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာအရှင်ကောဝိဒ မှ ပြန်လည်ဟောကြားထားသည့် တရားတော်ကို နာဖူးကြသူများရှိသလို မနာယူဖူးကြသူ များအတွက် ဓမ္မဒါန အဖြစ်ဝေမျှလိုက်ပါတယ်။  (တရားကောင်းတပုဒ်ဖြစ်ပါတယ်၊ အချိန်ယူပြီးနာကြည့်ပေးကြပါ)

အမွေခံထိုက်သူ ဖြစ်ပါစေ – ၁

အမွေခံထိုက်သူ ဖြစ်ပါစေ – ၂

အမွေခံထိုက်သူ ဖြစ်ပါစေ – ၃

1 Star2 Stars3 Stars4 Stars5 Stars (12 votes, 4.67 out of 5)
Loading ... Loading ...

အရိမေတ္တယျဗုဒ္ဓဝင် (ဤကမ္ဘာတွင်နောက်ဆုံးပွင့်တော်မူမည့် မြတ်စွာဘုရား၏ ဗုဒ္ဓဝင်)

ဤကမ္ဘာတွင်နောက်ဆုံးပွင့်တော်မူမည့် “အရိမေတ္တယျဗုဒ္ဓဝင်” အားဂေါတမမြတ်စွာ ဘုရားမှ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးအား ဟောကြားတော်မူပုံကို ချမ်းမြေ့ရိပ်မြိုင်ကျောင်းဆရာတော် (ပဲခူးဆရာတော်) ဘဒ္ဒန္တတေဇောသာရ မှ ပြန်လည် ဟောကြားထားသည့်တရား တော်ကို တရားချစ်ခင် သူတော်စဉ်များအတွက် ဓမ္မဒါနပြုလိုက်ပါတယ်။ (အချိန်ကလေးယူပြီး နာယူကြည့်ပါ၊ အရမ်းကောင်းပါသည်၊ ရှားရှားပါးပါး ရှာထားရတာပါ။)

အရိမေတ္တယျဗုဒ္ဓဝင် အပိုင်း-၁

အရိမေတ္တယျဗုဒ္ဓဝင် အပိုင်း-၂

အရိမေတ္တယျဗုဒ္ဓဝင် အပိုင်း-၃

အရိမေတ္တယျဗုဒ္ဓဝင် အပိုင်း-၎

1 Star2 Stars3 Stars4 Stars5 Stars (15 votes, 3.33 out of 5)
Loading ... Loading ...

အရှင်ဇေယျဏ္ဍိတ (ပိုင်းလော့ ဆရာတော်) – တရားတော်များ အပိုင်း ၁

sayardaw

ဆရာတော်၏ တရားတော်များဖြစ်သော………….

(၁) ဟီရိသြတ္တပ္ပ အရှက်အကြောက်နှင့်ယှဉ်၍ရှုမှတ်နည်း
(၂) ကြွေးဟောင်းကြေ၍ ကြွေးသစ်မလာသော အမြင်နှင့်ရှုမှတ်ရန်
(၃) လမ်းစဉ်တရားနှင့်ကျင့်စဉ်တရား
(၄) မကောင်းမှုအတိုင်းအတာနှင့်လမ်းခင်းခြင်းတရား
(၅) စိတ်အစာမှားခြင်းနှင့်ဒိဋ္ဌိကြိုးအတိုးအလျော့တရား

တရားတော်များ ရယူရန်

1 Star2 Stars3 Stars4 Stars5 Stars (6 votes, 4.33 out of 5)
Loading ... Loading ...

အရှင်ဇေယျဏ္ဍိတ (ပိုင်းလော့ ဆရာတော်)- စင်ကြယ်မှုကိုတန်ဖိုးထား၍အားထုတ်နည်း

sayardaw
(more…)

 Page 1 of 4  1  2  3  4 »

Search Myanmar Albums

User Online

Categories

MMA Editors

mmsong(586)
sayargye(840)
ME(232)
saiagag(179)
hteiksan(342)
yeemon(159)

MMA Premium Contributors

MMA Active Members

htoo(47)
MusicLover(25)
blackpg(25)
the sun(31)
David(26)
wailin(34)