၁။ သင်ဒေါင်းလုပ်ချချင်သော မီဂါအပ်လုပ် ဒေါင်းလုပ်လင့်ကို ကလစ်လုပ်ပါ။
၂။ တစ်ကယ်လို့ သင့်မှာ မီဂါအပ်လုပ်တူးဘား မရှိလျှင် မီဂါအပ်လုပ်တူးဘား ကို ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ။
၃။ ပြီးနောက် လော့အင်ဝင်ပါ။ လော့အင်ဝင်ခြင်းဟာ လော့အင်မဝင်ခြင်းထက် ဒေါင်းလုပ်ချရတာ ပိုမိုလွယ်ကူစေပါတယ်။ တစ်ကယ်လို့ သင်ဟာ မီဂါအပ်လုပ်မှာ ရီဂျစ်စတာ မလုပ်ချင်ဘူးဆိုရင် ဒီယူဇာအကောင့်ကို အသုံးပြုနိုင်ပါတယ်။
(user name : mmebooks | password : forall )
၎။ ပေးထားသော အက္ခရာကို ရိုက်ထည့်ပြီး ဒေါင်းလုပ်ကို ကလစ်လုပ်ပါ။
၅။ ၂၅ စက္ကန်ခန့် စောင့်ပါ။
၆။ Clike here to Download ကို ကလစ်လုပ်ပြီး ကြိုက်သလို ဒေါင်းလုပ်ချနိုင်ပါပြီ။

၁။ ပုံတွင် ဟိုင်းလိုက်အ၀ါရောင်ပြထားသော ဒေါင်းလုဒ်လင့်ကြည့်ရန်ကို နှိပ်ပါ။ ဒေါင်းလုဒ်လုပ်ရာတွင် အဆင်ပြေစေဖို့အတွက် ရွေးချယ်ဖို့ လင့် (၂) ခု (၃) ခုကို ကိုတွေ့ရပါလိမ့်မည်။

၂။ Mediafire ကဒေါင်းလုဒ်လုပ်ရန်အဆင်ပြေသောကြာင့် ပုံတွင်အစိမ်းရောင်ဟိုင်းလိုက်ပြထားသော Mediafire ကို Click နှိပ်လိုက်ပါက ဒေါင်းလုဒ်လုပ်လို့ရမည့် စာမျက်နှာပေါ်လာပါလိမ့်မည်။

၃။ ပေါ်လာတဲ့ စာမျက်နှာရဲ့ ဗယ်ဘက်ခြမ်း၌ Loading sign လေးပေါ်လာပြီး ခဏအကြာမှာ ပုံတွင်လိမ္မော်ရောင်ဟိုင်းလိုက်ပြထားတဲ့ Click here to start download ကို Click နှိပ်လိုက်ပါ။

၎။ ပုံတွင်ပြထားတဲ့ box လေးတစ်ခုကျလာတဲ့အခါ မြှားအနီရောင် ၁ လို့ထိုးထားတဲ့ Save to disk ကိုရွေးပေးပြီး မြှားအနီရောင် ၂ ထိုးထားတဲ့ OK ကိုနှိပ်လိုက်ရင် ကိုယ့်စက်ထဲကို သီချင်းဖိုင်ကို ဒေါင်းလုပ် လုပ်သွားပါလိမ့်မယ်။
၁။ Mediafire ဆိုဒ်တွင် ဖိုင်Upload လုပ်ရန်အတွက် Singup လုပ်ပြီး Account တစ်ခုဖွင့်ပြီးမှ မိမိဖိုင်ကို တင်တာပိုကောင်းပါတယ်။ Account မလုပ်ဘဲ ဖိုင်ကိုတင်ချင်ပါက တင်လို့လဲ ရပါသည်။
၂။ Account လုပ်ပြီး မိမိဖိုင်ကို တင်ပါက မိမိ Account Login ၀င်နေသ၍ မိမိတင်ထားသော ဖိုင်မပျောက်ပျက်ပဲ ရှိနေမှာပါ။ အကယ်၍ အကောင့်မလုပ်ပဲ ဒီတိုင်းတင်ပါက မိမိတင်ထားသောဖိုင်ကို ဒေါင်းလုပ် မလုပ်တဲ့အချိန် ကြာသွားတဲ့အခါ လင့်သေသွားပါလိမ့်မည်။
၂။ Mediafire တွင် ဖိုင်ကို Upload တင်ပုံတင်နည်းနဲ့ တင်ပြီး Share ဖို့အတွက် ဘယ်လင့်ကို ယူရမလဲဆိုတာကို အောက်ရှိ ဗီဒီယို၌ ပြသထားပါတယ်။
၃။ Dailymotion တွင်တင်ထားသော ဗီဒီယိုကို ကြည့်၍ အဆင်မပြေပါက ဒီနေရာတွင် ဒေါင်းလုပ်လုပ်နိုင်ပါသည်။
၁။ ဒေါင်းလုဒ်လင့် Part 1, Part 2 ရေးသားထားတာကို တွေ့လျှင် လင့်နှစ်ခုလုံးကို အရင်ဒေါင်းလုဒ်လုပ်ပါ။
၂။ ပြီးနောက် အဲဒီ Part 1, Part 2 နှစ်ခုကိုဆက်ရန်အတွက် Hjsplit ရှိရန်လိုအပ်ပါသည်။ မရှိသူများ ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပါ။
၃။ Hjsplit ကိုဒေါင်းလုဒ်လုပ်ပြီး ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ မျှားခြစ်ပုံစံလေးနဲ့ Hjsplit လို့ရေးထားတဲ့ Icon လေးကိုတွေ့ပါလိမ့်မယ်။
၎။ သင်ခုန ဒေါင်းလုပ်ချထားတဲ့ Part 1, Part 2 ဖိုဒါ (Folder) ထဲကို Hjsplit Icon ကို copy ကူးလိုက်ပါ။
၅။ ပြီးနောက် Hjsplit ကို click လုပ်ပြီးဖွင့်ပြီးတာနဲ့ Join ဆိုတာကို Click လုပ်ပါ။ Input File ဆိုတာကို Click ထပ်လုပ်ပြီး ကိုယ်ခုန ဒေါင်းထားတဲ့ Part 1 ကိုရွေးပေးပြီး Open လုပ်လိုက်ပါ။
၆။ Start ဆိုတာကို Click လုပ်လိုက်တာနဲ့ သူဟာသူ ဖိုင်ဆက်ပေးပြီး ကိုယ်လိုချင်တဲ့ သီချင်းခွေရဲ့ Zip ဖိုင်တစ်ခုရသွားပါလိမ့်မယ်။
ဒီဆိုဒ်မှာ တင်ထားတဲ့ အခွေတွေကို ဖိုင်ဆိုဒ်ချုံ့တဲ့အနေနဲ့ mp3 ဖိုင်ကို zip (သို့) rar
ဖိုင်ပြောင်းပြီး တင်ထားပါတယ်။ ဒေါင်းလုပ်ချပြီးတဲ့အခါ mp3 ဖိုင်ရရှိဖို့ အတွက် zip (သို့) rar
ဆော့ဝဲ နဲ့ပဲ ပြန်ဖြေရတယ်။ Zip သို့ Rar ကိုဖြေဖို့အတွက် အောက်မှာရှင်းပြထားပါတယ်။
၁။ ဖိုင်ဖြေဖို့အတွက် 7-zip ဆော့ဝဲကို အရင်ဆုံး ဒီမှာ ဒေါင်းလုပ် လုပ်ပါ။
၂။ အောက်တွင်ရှိသော ဗီဒီယို ကျူတိုရီရယ်အတိုင်း ဆက်လုပ်ပါ။
၁။ ပထမဆုံး သီချင်းတင်ရန်အတွက် IMEEM တွင် Signup လုပ်ရပါမည်။
၂။ Signup လုပ်ရာတွင် ကိုယ့်ထည့်ထားသော Email သို့ ပေးပို့လာသော imeem email verification မေးအတွင်းပါသော လင့်ကို ကလစ်နှိပ်ပြီး Activate လုပ်ရပါမယ်။
၃။ ပြီးနောက် Login ၀င်ပြီး သီချင်းတွေကို IMEEM ဆိုဒ်တွင် တင်ပုံတင်နည်းကို အောက်ရှိဗီဒီယိုတွင် လေ့လာနိုင်ပါသည်။
၎။ Dailymotion တွင်တင်ထားသော ဗီဒီယိုကို ကြည့်၍ အဆင်မပြေပါက ဒီနေရာတွင် ဒေါင်းလုပ်လုပ်နိုင်ပါသည်။
၁။ သီချင်းများကို စုစည်းခြင်းနှင့် Server ပေါ်တင်ခြင်း
သီချင်းများကို Zip (or) RAR တို့ဖြင့် အရင်စုစည်းပြီး Mediafire (or) Zshare (or) Megaupload ဆာဗာများပေါ်တွင် အရင်တင်ထားနိုင်ပါသည်။ ဖိုင်ကိုတင်ပြီးသွားသော အခါတွင် လင့်လေးကို မှတ်သားထားပါ။
၂။ ပို့စ်တစ်ခုကို လေ့လာခြင်း
ခြုံပြောရမည်ဆိုလျှင် MMA သည် Wordpress ကိုသုံးထားသောကြောင့် wordpress နှင့် အကျွမ်းတ၀င်ဖြစ်နေသူများအတွက် အခက်အခဲသိပ်ရှိမည်မထင်ပါ။ သို့သော်လည်း ယခင်က အတွေ့အကြုံမရှိသူများအတွက်မှု
အောက်ပါအတိုင်း ပို့စ်တစ်ခုကို ခွဲခြားသိမြင်နိုင်ပါသည်။
၂-၁။ ပို့စ်ခေါင်းစဉ် (title)
၂-၂။ ပို့စ်စာသား (post)
၂-၃။ သီချင်းအမျိုးအစား (category)
၂-၄။ ပို့စ်အခြေအနေ (post status)
၂-၅၊ Post Slug
၂-၁။ ပို့စ်ခေါင်းစဉ် (title) တွင် အဆိုတော်နာမည်ကို ရှေ့တွင်ထားပြီး နောက်တွင်
သီချင်းနာမည်ကို ရေးသားရပါမည်။
၂-၂။ ပို့စ်စာသား (post) တွင် ရိုးရိုးရှင်းရှင်းဖြင့် ပါဝင်သော သီချင်းနာမည်များကို ၁ ၂ ၃ ၄ စသည်ဖြင့် list တစ်ခုဖြင့် ဖေါ်ပြရပါမည်။ ထို့နောက် Download Link ဟူ၍ ခေါင်းစဉ်တပ်ကာ မိမိတင်ထားသော file
hosting နာမည်ကို ဖော်ပြပြီး စောစောကမှတ်ထားသော mp3 album link လေးကို လင့်ချိတ်ပေးရပါမည်။
၂-၃။ သီချင်းအမျိုးအစား (category) ရွေးခြယ်ရာတွင် နဲနဲလက်ဝင်ပါမည်။ ပထမဆုံး ပို့စ်တင်သည့် ညဖက်တွက် Categories ဆိုပြီး list လေးတွေ့ပါလိမ့်မည်။ ပထမဆုံး ထို list အောက်ဆုံးကိုသွားရောက်ကြည့်ရှုလျှင်
အခွေ(တကိုယ်တော်) နှင့် အခွေ(အများ) ကိုအရင်တွေ့ပါမည်။ ထို ၂ ခုမှတစ်ခုကို အရင်ရွေးခြယ်ပေးပါ။ အကယ်၍ အဆိုတော်(အများ) ဖြစ်ခဲ့လျှင် “အဆိုတော်(အများ)” category ကိုအရင်ရွေးခြယ်ပေးပါ။ ထို့နောက်
ထိုအခွေတွင်ပါဝင်သော အဆိုတော်များကို အဆိုတော်(ကျား)၊ အဆိုတော်(မ) နှင့် အဆိုတော် (အဖွဲ့) တို့တွင်တစ်ဦးခြင်းစီအတွက် လိုက်လံ ရွေးခြယ်ပေးစေချင်ပါသည်။ သို့မှသာ လေးဖြူ category ကိုနှိပ်လိုက်လျှင်
သူ့ရဲ့တစ်ကိုယ်တော် အယ်ဘမ်တွေအပြင် တခြားသူများနှင့်တွဲဆိုထားသည့် အယ်ဘမ်များ (ဥပမာ LMN ) တို့မှာပါပေါ်လာမှာဖြစ်ပါတယ်။ အချို့နေရာတွင် တစ်ပုဒ် နှစ်ပုဒ်သာ ဆိုရသေးသော အဆိုတော်များရှိပါသည်။ အဆိုပါ
အဆိုတော်များတွင် ကိုယ်ပိုင် အယ်ဘမ်မရှိပါ။ ထိုအဆိုတော်များအတွက် category ကို အဆိုတော်(ကျား/မ) နေရာတွင် တွေ့မည်မဟုတ်ပါ။ ထိုသို့အခြေအနေတွင် ထိုအဆိုတော်နာမည်ကို
ပို့စ်စာသားရေးသားသောနေရာအောက်ကပ်ရပ်တွင် Tags ထည့်ရန်နေရာတစ်ခုရှိပါသည်။ ထိုနေရာတွင် ထိုအဆိုတော်နာမည်ကို ထည့်သွင်းနိုင်ပါသည်။ မထည့်ချင်ရင်လဲ ရပါသည်။
အကယ်၍ တကိုယ်တော် အခွေဖြစ်ခဲ့လျှင် အခွေ(တကိုယ်တော်) ဆိုသည့်နေရာတွင် ရွေးခြယ်ပေးရမည့်အပြင် ကျားအဆိုတော်နဲ့ မအဆိုတော်ကိုပါ အပေါ်တက်၍ ရွေးခြယ်ပေးပါ။
၂-၄။ ပို့စ်အခြေအနေ (post status) ဆိုသည်မှာ ကိုယ့်တင်လိုက်သည့်ပို့စ်ကို လူအများထံသို့ပြသမည်၊ သို့မဟုတ် အကြမ်းသိမ်းထားမည် စသည်ဖြင့် လုပ်ဆောင်ရန်အတွက်ဖြစ်ပါသည်။ သို့ဖြစ်ရာ
ကိုယ်လိုက်သည့်ပို့စ်ကို ဖော်ပြစေလိုလျှင် Published ကိုရွေးခြယ်ပေးရပါမည်။
၂-၅၊ Post Slug သည် Category တို့၏ အောက်ဖက်တွင်ရှိပါသည်။ စာရေးသူသည် ပို့စ်ခေါင်းစဉ်ကို မြန်မာလိုရေးသောအခါ Web Browser ထဲတွင် ကိုယ်တင်လိုက်သော ပို့စ်၏ URL (link) သည်
မြန်မာလိုဖော်ပြပါသည်။ သို့ရာတွင် Web Browser ကထို link ကိုမြန်မာလိုမဖော်ပြနိုင်သောအခါ လူဖတ်လို့မရသော ရှုပ်ပွနေသည့် link တစ်ခုအနေဖြင့် ပေါ်လာပါမည်။ ထိုသို့မဖြစ်စေရန် စာရေးသူသည် မြန်မာလို
ခေါင်းစဉ်တင်သောအခါ ထို Post Slug နေရာတွင် သီချင်းနာမည်ကို Burglish (မြန်မာ၊ အင်္ဂလိပ်) အသံထွက်ဖြင့် ရေးသားပေးခြင်းဖြင့် စာရေးသူတင်လိုက်သောပို့စ်၏ URL ကိုရှင်းရှင်းလင်းလင်း ဖတ်သား မှတ်သားနိုင်မှာ
ဖြစ်ပါသည်။
အထက်ပါအတိုင်း ခေါင်းရှုပ်စွာ လုပ်ဆောင်ပြီးသောအခါ Publish ဆိုသော ခလုပ်လေးကို နှိပ်လို့ရပါပြီး ထိုအခါ မလှမပ မသပ်မရပ် ပေါ်လာသော ပို့စ်များကိုမြင်ရပါမည်။ စိတ်မပျက်ပါနှင့် သက်ဆိုင်ရာပို့စ်ထဲဝင်ကြည့်ပြီး
ထိုပို့စ်အောက်နားရှိ “This entry was written…. ” အဆုံးတွင် “Edit” ကိုနှိပ်၍ အမှားများကို ပြန်လည် ပြင်ဆင်နိုင်ပါသည် ခင်ဗျား။
**အပေါ်တွင် ရှင်းပြထားသည်များကို သိပ်နားမလည်ပါက အောက်တွင်ရှိသော ဗီဒီယိုဖိုင်ကို ကြည့်ရူနိုင်ပါသည်။ Dailymotion တင်ထားသော ဗီဒီယိုဖိုင်ကို ကြည့်ရူ၍ အဆင်မပြေပါက ဒီလင့်ကနေ ဒေါင်းလုပ် လုပ်ယူနိုင်ပါသည်။ ဒေါင်းလုပ် ဗီဒီယိုဆိုဒ်က 6.73 MB ပဲဆိုတော့ ဒေါင်းလုပ်ဘဲ လုပ်ပြီး ကြည့်စေချင်ပါတယ်။**

ဒီလိုရှိပါတယ်………..
ပုံမှာပြထားသလိုမျိုးပါ………..။
Mediafire နဲ့ အခြားသော DL များနဲ့ ကွာခြားချက်တစ်ခုပါ………။
အပေါ်တစ်လိုင်းက…….Blackmore’s Night ဆိုရင် Ifile ကနေ ယူနေ(ဒေါင်း)တာပါ…………။
အောက်တစ်လိုင်းက……….နေမျိုးဆေး သီချင်းကို Mediafire ကနေယူနေ (ဒေါင်း)တာပါ……..။
များသောအားဖြင့် Downloader တွေဟာ………File တစ်ခုကို အပိုင်းလေးတွေအဖြစ်နဲ့ ခွဲပြီး………ဒေါင်းပေးပါတယ်………။
အပိုင်းများများ ပိုင်းပြီးခွဲယူ ဒေါင်းနိုင်လေလေ…….အချိန်တိုအတွင်းမှာ…….မြန်မြန်နဲ့ ပြီးအောင်ဆွဲချနိုင်လေလေပါပဲ………….။
ကျွန်တော်အရင်က…….Orbit (နတ်လမ်းကြောင်း)ကို အလွန်ကြိုတ်ပါတယ်……..အသုံးလည်း အလွန်တည့်ပါတယ်…………။
သို့ ပေမယ့်……..အားနည်းချက်လေး တစ်ခုက……..File တစ်ခုကို အများဆုံး ၁၀ ပိုင်းပဲ ခွဲပြီးဒေါင်းနိုင်ပါတယ်……………..။
ဥပမာ…….အခုနေမျိုးဆေး File ဆိုရင် အပိုင်း ၇၅ ပိုင်းနဲ့ ခွဲပြီးဒေါင်းထားတာပါ………(ဒါကတော့ အင်တာနက် ကွန်နက်ရှင်)ပေါ်မှာလည်း အများကြီး မူတည်ကွဲပြားပါတယ်………Internet Speed ကောင်းရင်ကောင်းသလို…….အပိုင်းတွေ ကိုလည်း အများကြီးပိုင်းပြီး……..ဆွဲချနိုင်ရင် မြန်မြန်ပြီးပါတယ်……..။
ကျွန်တော်ဟာ……Internet ပေါ်မှာရှိတဲ့ File တွေကို ဆွဲချတာကို အလွန်သဘောကျပါတယ်…….(ကိုဒေါင်းလွန်းလို့ တောင် နာမည် ပေးနိုင်ပါတယ်) Downloader တွေလည်း အတော်များများ သုံးခဲ့ဖူးပါတယ်…….၊ အခုအကြိုတ်ဆုံးတစ်ခုကတော့….
Star Downloader ပါဘဲ………။
တေးချစ်သူများလည်း စမ်းသပ် သုံးစွဲကြည့်စေချင်ပါတယ်………..။
ခင်မင်လျက်………..။
Shared by sayargye
၁။ ပထမဦးစွာ ဒီနေရာတွင် အကောင့်အရင်ဖွင့်ရပါမည်။
၂။ ထိုအကောင့်ဖွင့်သော အီးမေးလ်သည် MMA တွင် ဖွင့်ထားသော အီးမေးလ်နှင့်တူမှသာ ပုံပေါ်ပါမည်။
၃။ အကောင့်အောင်မြင်စွာဖွင့်ပြီးလျှင် စိတ်ကြိုက်ပုံများကို တင်ထားနိုင်ပြီး အဓိက အသုံးပြုမည့်ပုံကို ရွေးပေးထားရပါမည်။
၎။ ပထမဆုံးအကြိမ် ပုံတင်ပြီးပြီးချင်း ၃ ၄ နာရီကြာလောက်မှသာ Gravatar မှပုံကို MMA နေရာတွင်မြင်ရမည်ဖြစ်ပါသည်။
၅။ Gravatar သို့ သွားရောက် အကောင့်မဖွင့်လိုသူများ mma@mmblogs.net သို့ မေးပို့၍ တင်ချင်သော User Name နှင့် တင်လိုသောပုံကို ပေးပို့ပေးနိုင်ပါသည်။ သင့်ကိုယ်စား Admin ကတင်ပေးမည် ဖြစ်ပါသည်။
၆။ မိမိ တင်ထားသော Avatar ဘေးနားတွင် စိတ်ကြိုက် စာရေးသားနိုင်ရန်အတွက် အပေါ်ဆုံး ညာဘက်ထောင့်တွင် ရှိသော မိမိ Username ကို ကလစ်လုပ်လိုက်ပါ။
၇။ Your Profile and Personal Options ဒီစာမျက်နှာ ပေါ်လာပြီး အောက်ဆုံးနား ရောက်ခါနီးတွင် About Yourself ဆိုတာကို တွေရပါလိမ့်မည်။ သူအောက်ရှိ
Biographical Info ဆိုသောနေရာတွင် မိမိရေးချင်သောစာသားများ စိတ်ကြိုက်ရေးသားနိုင်ပါသည်။

၈။ ပြီးနောက် စာမျက်နှာအောက်ဆုံးနားရှိ Update Profile ကို ကလစ်လုပ်လိုက်ပါ။



{ 1 trackback }
{ 151 comments… read them below or add one }
← Previous Comments
သူငယ်ချင်းတစ်ယောက်ရဲ့ သီချင်းလေး တင်ချင်လို့ 
မတင်တတ်ဘူးဖြစ်နေတယ်ကူညီပေးပါလားဗျာ…..
← Previous Comments