Myanmar Mp3, Myanmar Music, Myanmar Song, Myanmar Rock, International Artist, Lady GaGa, New International Albums, Saving Grace, unbreakable, 2009, 2010, Thailand Tour, Vietnam Tour, Luxury Tour, Vietnam By Local Expert Great Rates, Back Home (Remix), There They Go (Remix), Be Somebody (Remix), High Voltage (Remix), We Made It (Remix), Interlude, Cigarettes (Remix), Leave Out All The Rest (Remix), Get Me Gone (Remix), In Stereo (Remix), Believe Me (Remix), Remember The Name (Remix), Red To Black (Remix), Right Now (Remix), EndingLinkinpark, LPResurrection, Myanmar Mp3, Myanmar Music, Myanmar Songs, Myanmar Travle, Myanmar Hotel, Hotel, Travel, Tour, Insurance, The Black Eyed Peas, Lady GaGa, Kings of Leon, Dave Matthews Band, Taylor Swift, Colbie Caillat, The Fray, Pink, Kelly Clearkson, Katy Perry, Beyonce, Adele, Zac Brown Band, Sugarland, Lady Antebellum, Rascal Flatts, Green Day, Coldplay, U2, Britney Spears, Jonas Brothers, Eminem, 50Cent, Lil Wayne, Jay Z

Help!

1 Star2 Stars3 Stars4 Stars5 Stars (No Ratings Yet)
Loading ... Loading ...

by Admin

၁။ သင်ဒေါင်းလုပ်ချချင်သော မီဂါအပ်လုပ် ဒေါင်းလုပ်လင့်ကို ကလစ်လုပ်ပါ။

၂။ တစ်ကယ်လို့ သင့်မှာ မီဂါအပ်လုပ်တူးဘား မရှိလျှင် မီဂါအပ်လုပ်တူးဘား ကို ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ။

၃။ ပြီးနောက် လော့အင်ဝင်ပါ။ လော့အင်ဝင်ခြင်းဟာ လော့အင်မဝင်ခြင်းထက် ဒေါင်းလုပ်ချရတာ ပိုမိုလွယ်ကူစေပါတယ်။ တစ်ကယ်လို့ သင်ဟာ မီဂါအပ်လုပ်မှာ ရီဂျစ်စတာ မလုပ်ချင်ဘူးဆိုရင် ဒီယူဇာအကောင့်ကို အသုံးပြုနိုင်ပါတယ်။
(user name : mmebooks | password : forall )

၎။ ပေးထားသော အက္ခရာကို ရိုက်ထည့်ပြီး ဒေါင်းလုပ်ကို ကလစ်လုပ်ပါ။

၅။ ၂၅ စက္ကန်ခန့် စောင့်ပါ။

၆။ Clike here to Download ကို ကလစ်လုပ်ပြီး ကြိုက်သလို ဒေါင်းလုပ်ချနိုင်ပါပြီ။


၁။ ပုံတွင် ဟိုင်းလိုက်အ၀ါရောင်ပြထားသော ဒေါင်းလုဒ်လင့်ကြည့်ရန်ကို နှိပ်ပါ။ ဒေါင်းလုဒ်လုပ်ရာတွင် အဆင်ပြေစေဖို့အတွက် ရွေးချယ်ဖို့ လင့် (၂) ခု (၃) ခုကို ကိုတွေ့ရပါလိမ့်မည်။

၂။ Mediafire ကဒေါင်းလုဒ်လုပ်ရန်အဆင်ပြေသောကြာင့် ပုံတွင်အစိမ်းရောင်ဟိုင်းလိုက်ပြထားသော Mediafire ကို Click နှိပ်လိုက်ပါက ဒေါင်းလုဒ်လုပ်လို့ရမည့် စာမျက်နှာပေါ်လာပါလိမ့်မည်။

၃။ ပေါ်လာတဲ့ စာမျက်နှာရဲ့ ဗယ်ဘက်ခြမ်း၌ Loading sign လေးပေါ်လာပြီး ခဏအကြာမှာ ပုံတွင်လိမ္မော်ရောင်ဟိုင်းလိုက်ပြထားတဲ့ Click here to start download ကို Click နှိပ်လိုက်ပါ။

၎။ ပုံတွင်ပြထားတဲ့ box လေးတစ်ခုကျလာတဲ့အခါ မြှားအနီရောင် ၁ လို့ထိုးထားတဲ့ Save to disk ကိုရွေးပေးပြီး မြှားအနီရောင် ၂ ထိုးထားတဲ့ OK ကိုနှိပ်လိုက်ရင် ကိုယ့်စက်ထဲကို သီချင်းဖိုင်ကို ဒေါင်းလုပ် လုပ်သွားပါလိမ့်မယ်။


၁။ Mediafire ဆိုဒ်တွင် ဖိုင်Upload လုပ်ရန်အတွက် Singup လုပ်ပြီး Account တစ်ခုဖွင့်ပြီးမှ မိမိဖိုင်ကို တင်တာပိုကောင်းပါတယ်။ Account မလုပ်ဘဲ ဖိုင်ကိုတင်ချင်ပါက တင်လို့လဲ ရပါသည်။

၂။ Account လုပ်ပြီး မိမိဖိုင်ကို တင်ပါက မိမိ Account Login ၀င်နေသ၍ မိမိတင်ထားသော ဖိုင်မပျောက်ပျက်ပဲ ရှိနေမှာပါ။ အကယ်၍ အကောင့်မလုပ်ပဲ ဒီတိုင်းတင်ပါက မိမိတင်ထားသောဖိုင်ကို ဒေါင်းလုပ် မလုပ်တဲ့အချိန် ကြာသွားတဲ့အခါ လင့်သေသွားပါလိမ့်မည်။

၂။ Mediafire တွင် ဖိုင်ကို Upload တင်ပုံတင်နည်းနဲ့ တင်ပြီး Share ဖို့အတွက် ဘယ်လင့်ကို ယူရမလဲဆိုတာကို အောက်ရှိ ဗီဒီယို၌ ပြသထားပါတယ်။

၃။ Dailymotion တွင်တင်ထားသော ဗီဒီယိုကို ကြည့်၍ အဆင်မပြေပါက ဒီနေရာတွင် ဒေါင်းလုပ်လုပ်နိုင်ပါသည်။


၁။ ဒေါင်းလုဒ်လင့် Part 1, Part 2 ရေးသားထားတာကို တွေ့လျှင် လင့်နှစ်ခုလုံးကို အရင်ဒေါင်းလုဒ်လုပ်ပါ။

၂။ ပြီးနောက် အဲဒီ Part 1, Part 2 နှစ်ခုကိုဆက်ရန်အတွက် Hjsplit ရှိရန်လိုအပ်ပါသည်။ မရှိသူများ ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပါ။

၃။ Hjsplit ကိုဒေါင်းလုဒ်လုပ်ပြီး ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ မျှားခြစ်ပုံစံလေးနဲ့ Hjsplit လို့ရေးထားတဲ့ Icon လေးကိုတွေ့ပါလိမ့်မယ်။

၎။ သင်ခုန ဒေါင်းလုပ်ချထားတဲ့ Part 1, Part 2 ဖိုဒါ (Folder) ထဲကို Hjsplit Icon ကို copy ကူးလိုက်ပါ။

၅။ ပြီးနောက် Hjsplit ကို click လုပ်ပြီးဖွင့်ပြီးတာနဲ့ Join ဆိုတာကို Click လုပ်ပါ။ Input File ဆိုတာကို Click ထပ်လုပ်ပြီး ကိုယ်ခုန ဒေါင်းထားတဲ့ Part 1 ကိုရွေးပေးပြီး Open လုပ်လိုက်ပါ။

၆။ Start ဆိုတာကို Click လုပ်လိုက်တာနဲ့ သူဟာသူ ဖိုင်ဆက်ပေးပြီး ကိုယ်လိုချင်တဲ့ သီချင်းခွေရဲ့ Zip ဖိုင်တစ်ခုရသွားပါလိမ့်မယ်။


ဒီဆိုဒ်မှာ တင်ထားတဲ့ အခွေတွေကို ဖိုင်ဆိုဒ်ချုံ့တဲ့အနေနဲ့ mp3 ဖိုင်ကို zip (သို့) rar
ဖိုင်ပြောင်းပြီး တင်ထားပါတယ်။ ဒေါင်းလုပ်ချပြီးတဲ့အခါ mp3 ဖိုင်ရရှိဖို့ အတွက် zip (သို့) rar
ဆော့ဝဲ နဲ့ပဲ ပြန်ဖြေရတယ်။ Zip သို့ Rar ကိုဖြေဖို့အတွက် အောက်မှာရှင်းပြထားပါတယ်။

၁။ ဖိုင်ဖြေဖို့အတွက် 7-zip ဆော့ဝဲကို အရင်ဆုံး ဒီမှာ ဒေါင်းလုပ် လုပ်ပါ။

၂။ အောက်တွင်ရှိသော ဗီဒီယို ကျူတိုရီရယ်အတိုင်း ဆက်လုပ်ပါ။


၁။ ပထမဆုံး သီချင်းတင်ရန်အတွက် IMEEM တွင် Signup လုပ်ရပါမည်။

၂။ Signup လုပ်ရာတွင် ကိုယ့်ထည့်ထားသော Email သို့ ပေးပို့လာသော imeem email verification မေးအတွင်းပါသော လင့်ကို ကလစ်နှိပ်ပြီး Activate လုပ်ရပါမယ်။

၃။ ပြီးနောက် Login ၀င်ပြီး သီချင်းတွေကို IMEEM ဆိုဒ်တွင် တင်ပုံတင်နည်းကို အောက်ရှိဗီဒီယိုတွင် လေ့လာနိုင်ပါသည်။

၎။ Dailymotion တွင်တင်ထားသော ဗီဒီယိုကို ကြည့်၍ အဆင်မပြေပါက ဒီနေရာတွင် ဒေါင်းလုပ်လုပ်နိုင်ပါသည်။



၁။ သီချင်းများကို စုစည်းခြင်းနှင့် Server ပေါ်တင်ခြင်း
သီချင်းများကို Zip (or) RAR တို့ဖြင့် အရင်စုစည်းပြီး Mediafire (or) Zshare (or) Megaupload ဆာဗာများပေါ်တွင် အရင်တင်ထားနိုင်ပါသည်။ ဖိုင်ကိုတင်ပြီးသွားသော အခါတွင် လင့်လေးကို မှတ်သားထားပါ။

၂။ ပို့စ်တစ်ခုကို လေ့လာခြင်း
ခြုံပြောရမည်ဆိုလျှင် MMA သည် Wordpress ကိုသုံးထားသောကြောင့် wordpress နှင့် အကျွမ်းတ၀င်ဖြစ်နေသူများအတွက် အခက်အခဲသိပ်ရှိမည်မထင်ပါ။ သို့သော်လည်း ယခင်က အတွေ့အကြုံမရှိသူများအတွက်မှု

အောက်ပါအတိုင်း ပို့စ်တစ်ခုကို ခွဲခြားသိမြင်နိုင်ပါသည်။
၂-၁။ ပို့စ်ခေါင်းစဉ် (title)
၂-၂။ ပို့စ်စာသား (post)
၂-၃။ သီချင်းအမျိုးအစား (category)
၂-၄။ ပို့စ်အခြေအနေ (post status)
၂-၅၊ Post Slug

၂-၁။ ပို့စ်ခေါင်းစဉ် (title) တွင် အဆိုတော်နာမည်ကို ရှေ့တွင်ထားပြီး နောက်တွင်
သီချင်းနာမည်ကို ရေးသားရပါမည်။

၂-၂။ ပို့စ်စာသား (post) တွင် ရိုးရိုးရှင်းရှင်းဖြင့် ပါဝင်သော သီချင်းနာမည်များကို ၁ ၂ ၃ ၄ စသည်ဖြင့် list တစ်ခုဖြင့် ဖေါ်ပြရပါမည်။ ထို့နောက် Download Link ဟူ၍ ခေါင်းစဉ်တပ်ကာ မိမိတင်ထားသော file

hosting နာမည်ကို ဖော်ပြပြီး စောစောကမှတ်ထားသော mp3 album link လေးကို လင့်ချိတ်ပေးရပါမည်။

၂-၃။ သီချင်းအမျိုးအစား (category) ရွေးခြယ်ရာတွင် နဲနဲလက်ဝင်ပါမည်။ ပထမဆုံး ပို့စ်တင်သည့် ညဖက်တွက် Categories ဆိုပြီး list လေးတွေ့ပါလိမ့်မည်။ ပထမဆုံး ထို list အောက်ဆုံးကိုသွားရောက်ကြည့်ရှုလျှင်

အခွေ(တကိုယ်တော်) နှင့် အခွေ(အများ) ကိုအရင်တွေ့ပါမည်။ ထို ၂ ခုမှတစ်ခုကို အရင်ရွေးခြယ်ပေးပါ။ အကယ်၍ အဆိုတော်(အများ) ဖြစ်ခဲ့လျှင် “အဆိုတော်(အများ)” category ကိုအရင်ရွေးခြယ်ပေးပါ။ ထို့နောက်

ထိုအခွေတွင်ပါဝင်သော အဆိုတော်များကို အဆိုတော်(ကျား)၊ အဆိုတော်(မ) နှင့် အဆိုတော် (အဖွဲ့) တို့တွင်တစ်ဦးခြင်းစီအတွက် လိုက်လံ ရွေးခြယ်ပေးစေချင်ပါသည်။ သို့မှသာ လေးဖြူ category ကိုနှိပ်လိုက်လျှင်

သူ့ရဲ့တစ်ကိုယ်တော် အယ်ဘမ်တွေအပြင် တခြားသူများနှင့်တွဲဆိုထားသည့် အယ်ဘမ်များ (ဥပမာ LMN ) တို့မှာပါပေါ်လာမှာဖြစ်ပါတယ်။ အချို့နေရာတွင် တစ်ပုဒ် နှစ်ပုဒ်သာ ဆိုရသေးသော အဆိုတော်များရှိပါသည်။ အဆိုပါ

အဆိုတော်များတွင် ကိုယ်ပိုင် အယ်ဘမ်မရှိပါ။ ထိုအဆိုတော်များအတွက် category ကို အဆိုတော်(ကျား/မ) နေရာတွင် တွေ့မည်မဟုတ်ပါ။ ထိုသို့အခြေအနေတွင် ထိုအဆိုတော်နာမည်ကို

ပို့စ်စာသားရေးသားသောနေရာအောက်ကပ်ရပ်တွင် Tags ထည့်ရန်နေရာတစ်ခုရှိပါသည်။ ထိုနေရာတွင် ထိုအဆိုတော်နာမည်ကို ထည့်သွင်းနိုင်ပါသည်။ မထည့်ချင်ရင်လဲ ရပါသည်။
အကယ်၍ တကိုယ်တော် အခွေဖြစ်ခဲ့လျှင် အခွေ(တကိုယ်တော်) ဆိုသည့်နေရာတွင် ရွေးခြယ်ပေးရမည့်အပြင် ကျားအဆိုတော်နဲ့ မအဆိုတော်ကိုပါ အပေါ်တက်၍ ရွေးခြယ်ပေးပါ။

၂-၄။ ပို့စ်အခြေအနေ (post status) ဆိုသည်မှာ ကိုယ့်တင်လိုက်သည့်ပို့စ်ကို လူအများထံသို့ပြသမည်၊ သို့မဟုတ် အကြမ်းသိမ်းထားမည် စသည်ဖြင့် လုပ်ဆောင်ရန်အတွက်ဖြစ်ပါသည်။ သို့ဖြစ်ရာ

ကိုယ်လိုက်သည့်ပို့စ်ကို ဖော်ပြစေလိုလျှင် Published ကိုရွေးခြယ်ပေးရပါမည်။

၂-၅၊ Post Slug သည် Category တို့၏ အောက်ဖက်တွင်ရှိပါသည်။ စာရေးသူသည် ပို့စ်ခေါင်းစဉ်ကို မြန်မာလိုရေးသောအခါ Web Browser ထဲတွင် ကိုယ်တင်လိုက်သော ပို့စ်၏ URL (link) သည်

မြန်မာလိုဖော်ပြပါသည်။ သို့ရာတွင် Web Browser ကထို link ကိုမြန်မာလိုမဖော်ပြနိုင်သောအခါ လူဖတ်လို့မရသော ရှုပ်ပွနေသည့် link တစ်ခုအနေဖြင့် ပေါ်လာပါမည်။ ထိုသို့မဖြစ်စေရန် စာရေးသူသည် မြန်မာလို

ခေါင်းစဉ်တင်သောအခါ ထို Post Slug နေရာတွင် သီချင်းနာမည်ကို Burglish (မြန်မာ၊ အင်္ဂလိပ်) အသံထွက်ဖြင့် ရေးသားပေးခြင်းဖြင့် စာရေးသူတင်လိုက်သောပို့စ်၏ URL ကိုရှင်းရှင်းလင်းလင်း ဖတ်သား မှတ်သားနိုင်မှာ

ဖြစ်ပါသည်။

အထက်ပါအတိုင်း ခေါင်းရှုပ်စွာ လုပ်ဆောင်ပြီးသောအခါ Publish ဆိုသော ခလုပ်လေးကို နှိပ်လို့ရပါပြီး ထိုအခါ မလှမပ မသပ်မရပ် ပေါ်လာသော ပို့စ်များကိုမြင်ရပါမည်။ စိတ်မပျက်ပါနှင့် သက်ဆိုင်ရာပို့စ်ထဲဝင်ကြည့်ပြီး

ထိုပို့စ်အောက်နားရှိ “This entry was written…. ” အဆုံးတွင် “Edit” ကိုနှိပ်၍ အမှားများကို ပြန်လည် ပြင်ဆင်နိုင်ပါသည် ခင်ဗျား။

**အပေါ်တွင် ရှင်းပြထားသည်များကို သိပ်နားမလည်ပါက အောက်တွင်ရှိသော ဗီဒီယိုဖိုင်ကို ကြည့်ရူနိုင်ပါသည်။ Dailymotion တင်ထားသော ဗီဒီယိုဖိုင်ကို ကြည့်ရူ၍ အဆင်မပြေပါက ဒီလင့်ကနေ ဒေါင်းလုပ် လုပ်ယူနိုင်ပါသည်။ ဒေါင်းလုပ် ဗီဒီယိုဆိုဒ်က 6.73 MB ပဲဆိုတော့ ဒေါင်းလုပ်ဘဲ လုပ်ပြီး ကြည့်စေချင်ပါတယ်။**




ဒီလိုရှိပါတယ်………..
ပုံမှာပြထားသလိုမျိုးပါ………..။
Mediafire နဲ့ အခြားသော DL များနဲ့ ကွာခြားချက်တစ်ခုပါ………။
အပေါ်တစ်လိုင်းက…….Blackmore’s Night ဆိုရင် Ifile ကနေ ယူနေ(ဒေါင်း)တာပါ…………။
အောက်တစ်လိုင်းက……….နေမျိုးဆေး သီချင်းကို Mediafire ကနေယူနေ (ဒေါင်း)တာပါ……..။
များသောအားဖြင့် Downloader တွေဟာ………File တစ်ခုကို အပိုင်းလေးတွေအဖြစ်နဲ့ ခွဲပြီး………ဒေါင်းပေးပါတယ်………။
အပိုင်းများများ ပိုင်းပြီးခွဲယူ ဒေါင်းနိုင်လေလေ…….အချိန်တိုအတွင်းမှာ…….မြန်မြန်နဲ့ ပြီးအောင်ဆွဲချနိုင်လေလေပါပဲ………….။
ကျွန်တော်အရင်က…….Orbit (နတ်လမ်းကြောင်း)ကို အလွန်ကြိုတ်ပါတယ်……..အသုံးလည်း အလွန်တည့်ပါတယ်…………။
သို့ ပေမယ့်……..အားနည်းချက်လေး တစ်ခုက……..File တစ်ခုကို အများဆုံး ၁၀ ပိုင်းပဲ ခွဲပြီးဒေါင်းနိုင်ပါတယ်……………..။
ဥပမာ…….အခုနေမျိုးဆေး File ဆိုရင် အပိုင်း ၇၅ ပိုင်းနဲ့ ခွဲပြီးဒေါင်းထားတာပါ………(ဒါကတော့ အင်တာနက် ကွန်နက်ရှင်)ပေါ်မှာလည်း အများကြီး မူတည်ကွဲပြားပါတယ်………Internet Speed ကောင်းရင်ကောင်းသလို…….အပိုင်းတွေ ကိုလည်း အများကြီးပိုင်းပြီး……..ဆွဲချနိုင်ရင် မြန်မြန်ပြီးပါတယ်……..။
ကျွန်တော်ဟာ……Internet ပေါ်မှာရှိတဲ့ File တွေကို ဆွဲချတာကို အလွန်သဘောကျပါတယ်…….(ကိုဒေါင်းလွန်းလို့ တောင် နာမည် ပေးနိုင်ပါတယ်) Downloader တွေလည်း အတော်များများ သုံးခဲ့ဖူးပါတယ်…….၊ အခုအကြိုတ်ဆုံးတစ်ခုကတော့….
Star Downloader ပါဘဲ………။
တေးချစ်သူများလည်း စမ်းသပ် သုံးစွဲကြည့်စေချင်ပါတယ်………..။
ခင်မင်လျက်………..။
Shared by sayargye


၁။ ပထမဦးစွာ ဒီနေရာတွင် အကောင့်အရင်ဖွင့်ရပါမည်။

၂။ ထိုအကောင့်ဖွင့်သော အီးမေးလ်သည် MMA တွင် ဖွင့်ထားသော အီးမေးလ်နှင့်တူမှသာ ပုံပေါ်ပါမည်။

၃။ အကောင့်အောင်မြင်စွာဖွင့်ပြီးလျှင် စိတ်ကြိုက်ပုံများကို တင်ထားနိုင်ပြီး အဓိက အသုံးပြုမည့်ပုံကို ရွေးပေးထားရပါမည်။

၎။ ပထမဆုံးအကြိမ် ပုံတင်ပြီးပြီးချင်း ၃ ၄ နာရီကြာလောက်မှသာ Gravatar မှပုံကို MMA နေရာတွင်မြင်ရမည်ဖြစ်ပါသည်။

၅။ Gravatar သို့ သွားရောက် အကောင့်မဖွင့်လိုသူများ mma@mmblogs.net သို့ မေးပို့၍ တင်ချင်သော User Name နှင့် တင်လိုသောပုံကို ပေးပို့ပေးနိုင်ပါသည်။ သင့်ကိုယ်စား Admin ကတင်ပေးမည် ဖြစ်ပါသည်။

၆။ မိမိ တင်ထားသော Avatar ဘေးနားတွင် စိတ်ကြိုက် စာရေးသားနိုင်ရန်အတွက် အပေါ်ဆုံး ညာဘက်ထောင့်တွင် ရှိသော မိမိ Username ကို ကလစ်လုပ်လိုက်ပါ။

၇။ Your Profile and Personal Options ဒီစာမျက်နှာ ပေါ်လာပြီး အောက်ဆုံးနား ရောက်ခါနီးတွင် About Yourself ဆိုတာကို တွေရပါလိမ့်မည်။ သူအောက်ရှိ
Biographical Info ဆိုသောနေရာတွင် မိမိရေးချင်သောစာသားများ စိတ်ကြိုက်ရေးသားနိုင်ပါသည်။

၈။ ပြီးနောက် စာမျက်နှာအောက်ဆုံးနားရှိ Update Profile ကို ကလစ်လုပ်လိုက်ပါ။

{ 1 trackback }

စာမေးပွဲများနှင့် MMA | MMA - Myanmar MP3 Albums
July 7, 2008 at 7:47 pm

{ 158 comments… read them below or add one }

ူlinlat May 21, 2009 at 12:11 am

သီချင်းလေးတွေကို လိုချင်တယ် မယူတတ်ဘူး ပြောပြပေးပါ

Trojan May 23, 2009 at 9:00 pm

Imeem က code လေးကို music Boxလေးနဲ.တင်ချင်လို.ပါ…
ဘယ်လိုလုပ်ရမလဲ နည်းနည်းလောက်ပြောပြပါဥိးခင်ဗျာ..

Mad Computerist May 25, 2009 at 7:03 pm

Click on IMEEM တွင် သီချင်း Upload လုပ်နည်း on the top of the page and read it and watch the tutorial video.

Jitki May 26, 2009 at 11:56 am

linlat ရေ သီချင်းဘယ်လိုယူရသလဲဆိုတော့ လက်ကလေးနဲ့ လှမ်းယူလိုက်ပါ ခင်ဗျ နောက်တာ အပျော်ပါ

http://myanmarmp3album.com/help/ ထဲမှာ mediafire ဆိုဒ်မှ ဒေါင်းလုဒ်လုပ်နည်း
megaupload မှဒေါင်းလုဒ်လုပ်နည်းတွေ ၇ှိပါတယ် ခင်ဗျ အချိန်ရှိပါက ဖတ်ကြည့်စေချင်ပါတယ် ခင်ဗျ

alwankharkhar May 28, 2009 at 7:15 pm

ကို kyoekhway ရေ…Eminem – Relapse (Deluxe Edition) (2009) အတွက်အရမ်းကျေးဇူးတင်ပါတယ်ခင်ဗျ… ဒါပေမဲ့ Part-2က ဒေါင်းလုပ်ခ် ဆွဲလို့ မရဘူးဗျ….Mediafire မှာ ပြသနာတက်နေတယ်…ကူညီပါအုံး…ကျေးဇူးအများကြီးတင်ပါတယ်…

kothantzin May 30, 2009 at 2:22 pm

ပျော်စရာကြီး..လိုချင်တာတွေအကုန်တွေ့တာပဲ..ကျေးဇူးပဲ အကိုရေ..တွေ့ပါစေဗျာ..တွေ့ချင်သူလေးတွေနဲ့..ကျေးဇူးကမ္ဘာပါ အကိုရေ..

May Htoo June 4, 2009 at 6:25 pm

Hi, I am new here. I now wish to download some of Sithu Lwin’s songs in my computer. How can I do? I have already signed in “Ifile”. Then I don’t know how to continue. Thanks for your kind instruction.

May Htoo

mapoeeiphyu June 8, 2009 at 1:12 am

ကျွန်မ lဆိုင်းဇီ selection လိုချင်ပါတယ်
ကျေးဇူးတင်ပါတယ်။

myintzu June 17, 2009 at 8:35 pm

i would like to request the song “pyaw”. i don know who sing that song but i’m sure that the song title is “pyaw”.. people said it’s unreleased song….. plz help me to upload asap..
thx

Mad Computerist June 18, 2009 at 1:04 am

@myintzu,
“Pyaw” is already uploaded here.
Enjoy.

noenoe July 3, 2009 at 5:35 pm

မျိုးကျော့မြိုင်ရဲ့လွင့်လွင့်သွားဆဲလိုချင်ပါတယ်.

htoohtoo July 4, 2009 at 9:31 am
Bo Nyi July 9, 2009 at 8:19 pm

မြန်မာလိုကိစ္စလေးပြောပြချင်တယ်။
ကိုယ်သုံးတဲ့ internet browser ကိုအရင်ကြည့်ပါ။ ကျွန်တော်က Mozilla Firefox သုံးတော့ firefox ကိုပဲပြောပြမယ်။ Tools > Options > Content ထဲကိုဝင်လိုက်ပါ။ ပြီးရင် font and color ဆိုတဲ့နေရာမှာ font ကို zawgyi font ရွေးပေးလိုက်ပါ။ ပြီးရင် အဲဒီဘေးက advanced ခလုတ်ကိုနှိပ်ပြီးဝင်လိုက်ပါ။ အဲဒီမှာရှိတဲ့ font တွေမှာ zawgyi font ကိုလိုက်ပြောင်းပေးလိုက်ပါ။ ပြီးရင် Charracter Enconding ဆိုတဲ့နေရာမှာ Unicode (UTF-8) ကိုရွေးပေးလိုက်ပါ။

ဒါဆိုရင်တော့ အဆင်ပြေသွားပါလိမ့်မယ်။

တကယ်လို့ Firefox မဟုတ်ခဲ့ရင်လည်း ဒီလိုပဲ Option ကိုရှာပြီးပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။

good luck …

Yon July 10, 2009 at 9:46 pm

သီချင်းမျာကို တစ်ပုဒ်ချင်းdownloadလုပ်လို့ရအောင်တင်ပေးဖို့ special request လုပ်ပါရစေ။ ကျွန်တော်တို့ Mandalay မှာ အမြဲလိုလို အများအားဖြင့် connection နှေးခြင်း၊ down ခြင်းများရှိနေတဲ့အတွက်ကြိုက်ရာတစ်ပုဒ်ချင်း ရွေးလို့ရရင် ပိုအဆင်ပြေလို့ပါ။ ကျေးဇူးပြုပြီး ကူညီပေးကြပါ၊

La Min July 24, 2009 at 10:11 am

Dear Admins!

တရားတော် ၁ခု လိုချင်လို့ ပါ…ဖြစ်နိုင်လျှင် အရှင်ကောဝိဒ ရဲ့ “အဆိုးဆုံး ရောဂါကုစားပါ” ဆိုတဲ့ တရားတော် လိုချင်လို့ပါတယ် ခင်ဗျာ… ပို့ပေးလို့ရလျှင် ကျွန်တော် mail ထဲဖြစ်ဖြစ် download လုပ်လို့ ရသည် Web-Site ဖြစ်ဖြစ် ပို့ပေးစေလိုပါတယ်… http://www.majjhimagonyi.info/ ကလည်း Download လို့မရလိုပါ…အခုလို mail ဖတ်ပေးတာကိုလည်း ကျေးဇူးတင်ပါတယ်…

My email : moonrider.kt@gmail.com

htinkyawwin July 29, 2009 at 2:03 am

MMlyrics ကို ကြည့်လို့မ၇လို့ကူညီကြပါ ဘာစာသားမှမပါဘူးဖြစ်နေတယ်

thiha July 29, 2009 at 4:02 pm
thukha July 30, 2009 at 11:02 am

mediafire ka download lote ta ma ya lo. par please help me

pyawthu August 16, 2009 at 9:07 am

Is there myanmar song lyrics? If yes, could you tell me how can I search?

Thanks :23

leo sai August 19, 2009 at 5:02 pm

Nickelblack သီချင်းတွေဒေါင်းလုပ်လုပ်လို့မရပါဘူး
တဆိတ်လောက်ကူညီပါခင်ဗျာ
ဒီ ခွေတွေ လိုချင်နေလို့ပါ….http://myanmarmp3album.com/wp-includes/images/smilies/x17.gif

movetool August 31, 2009 at 4:57 pm

pdf twit bal yout mar shar ya ma la`

Arkar September 17, 2009 at 6:33 am

*****************************************************

Really Appreciate! that this site restored simple Artist List at right side..
Very impressive MMA! ;)

*****************************************************

မင်းခန့်ကို September 17, 2009 at 12:26 pm

BIG BAG က မိုးထက် ဆိုထားတဲ့ မေ ဆိုတဲ့ သီချင်းလေး လိုချင်လို့ပါ. ကျွန်တော့် မေးထဲ ကိုပို့ပေးပါလား။အရမ်းလိုချင်လို့ပါနော်။ကူညီပါ။

the sun October 2, 2009 at 7:02 pm

Admin ခင်ဗျား
Categories မှာ မရှိသေးသော အဆိုတော်အမည်များထည့်သွင်းပေးပါဦးခင်ဗျာ။ အမျိုးသားအဆိုတော်ထဲမှာ ထက်နေကြည်၊ ကိုကိုမောင် တို့ကိုမတွေ့လို့ပါခင်ဗျာ။
အဆင်ပြေရင်လုပ်ပေးပါဦးခင်ဗျာ။

လေးစားစွာဖြင့်
the sun

BJ October 5, 2009 at 11:36 pm

ကျွန်တော့ကို အန်တီဒေါ်မာမာအေးရဲ့ ရုပ်ဆိုးမ ပါတဲ့သီချင်းစီးရီးတွေ Upload ပေးလို့ရနိုင်မလားဗျာ။ ကျေးဇူးတင်ပါတယ်ဗျာ။

ko thu October 7, 2009 at 11:28 am

ကျွန်တော် မြန်မာ RNB သီချင်းများ ထဲကသီချင်းတွေကိုအရမ်းကြိုက်ပါတယ်
လိုလဲလိုချင်ပါတယ်။ ပို့ပေးနိုင်ရင် happyaccount207@gmail.com ကိုပို့ပေးပါခင်ဗျာ

the sun October 9, 2009 at 4:44 pm

Admin ခင်ဗျာ

MMA မှာတင်ထားပေပြီး အဆိုတော်စာရင်းတွင်မထည့်သွင်းရသေးသူများနေပါတယ်ခင်ဗျာ။ အဆင်ပြေ ရင် Admin မှဖြေရှင်းပေးပါဦးလို့တောင်းဆိုပါရစေ။ အမှားရှိရင်ခွင့်လွှတ်ပါခင်ဗျာ။

Trojan October 12, 2009 at 7:19 pm

MMA မှ အစ်ကိုတို.ခင်ဗျား…….

အရင် က သီ ချင်းတွေ မှာ အ စမ်းနားထောင်ဖို. player လေးတွေ ပါ ပါ တယ်.. နောက် ပိုင်း song တွေ မ ပါ တော. ဘူး

နောက် post တွေ မှာ imeem နဲ.တစ်ခြား music site က player တွေ ထည်. တာ မ ပေါ် ဘူး ဖြစ် နေတယ်..
အဲ ဒါ ဘယ် လို လုပ် ရမလဲ ပြော ပြ ပေး ပါ ဦးခင် ဗျာ…

alex jame November 5, 2009 at 7:01 pm

Dear sir or madan, how can i open ‘rar’ file? i use your web site to import to my i tunes.How can I do that??? please……..

alex jame November 5, 2009 at 7:05 pm

i would like to suggest to be able to download songs individually not the whole album only. That will be better and sure that we like it….

alex jame November 5, 2009 at 7:07 pm

this web site is fantastic,helpful and useful… Thank you all…….

kiriko November 10, 2009 at 12:49 pm

ဖြူအရင်က MediaFire နဲ. Download လုပ်ရတာအဆင်ပြေပါတယ်…
အခုဘာဖြစ်လဲတော့မသိဘူး Password တောင်းနေပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာပြောပြပါဦး။
ဖြူ MediaFire နဲ. ပဲ Downloadလုပ်လို.ရလို.ပါ။
ကူညီပါဦးနော်။

Trojan November 11, 2009 at 9:26 pm

Dear alex jame…

.rar is zip file …

Right click on it and choose extract files…
Unless your file is broken,It ‘ll be work..

then.. You’ll get a folder containing contents.. there is the songs you downloaded..

Trojan November 11, 2009 at 9:29 pm

hi ဖြူ…

mediafire က password တောင်းတာ… upload လုပ် ထားတဲ. သူ က password ထည်. ထား လို. ပါ ….

တစ် ခြားနေရာမှာ တင် ထားတဲ… song ကို down ရင် down မ ဟုတ် ရင် ..တင် တဲ.သူ ကို ဆကိ သွယ် ပြီး password မေး ကြည်. ပါ

sayargye November 12, 2009 at 11:40 am

Dear Trojam & ဖြူ

PW တွေ အတွက်တော့ တင်ထားတဲ့ ပို့ (စ်)အောက်နားလေးတင် ရေးထားပြီးသားပါ…..

ပျော်ရွှင်နိုင်ပါစေ……..
ခင်မင်လျက်

humm November 12, 2009 at 4:43 pm

media fire မှာ password တောင်းနေတယ် ဘယ်လိုလုပ်ရမလဲ

zarzar75 November 14, 2009 at 3:04 pm

What does it mean protected file? How can I download?

jipsy November 22, 2009 at 9:53 pm

How I download password protected file?
Please give me an advice.
thz.

PhAn LoNe NgE December 21, 2009 at 11:39 am

Hot File မှဘယ်လို ဒေါင်းလုဒ်ချလဲ ဆိုတာ သိချင်ပါတယ်။

kham December 23, 2009 at 5:10 pm

i can’t open .rar file. plese teach me how to unzip it.
i tried with win rar 7 but no use. please help me

ထက်ထက် December 27, 2009 at 4:52 pm

ထက်ထက် ……… sweetmyo999@gmail.com ……. .မေဆွိရဲ့.ရင်ထဲကစိုးပိုင်(၁)စီးရီးထဲက ……. အချစ်နဲ့ပတ်သက်၍ ..အဲသီချင်းလေး.. အရမ်းလိုချင်လို့ပါ…… .ဒေါင်းလေားဒ့်လုပ်တာလည်းမရဖြစ်နေပါတယ်. …… .ကျေးဇူးပြုပီး.. ကူညီပေးကြပါနော် …………

naung January 3, 2010 at 10:17 pm

hello… i have some problem..its weird.. i cannot open the file after i downloaded.. i try to extract it ..but still didn’t work…so please tell me what player should i use to open…

Daniel Zaw January 15, 2010 at 7:10 am

Skillet ရဲ့ awake album က download လုပ်လို့မရပါဘူးခင်ဗျာ။ Thanks

Kyaw Khaing January 26, 2010 at 3:49 am

Dear MMA Admin,

I would like to request you to disabled MMClub Radio auto-run function if possible.

Or, is it possible to attach only at Main page? Because whenever I tried to open new tab, it’s always come with new tab & play automatically. Which is so annoying. If you try to open two or more tabs of MMA, you will know how bad this is.

I hope you guys can figure out something to this problem.

All the best MMA! You guys really rock!

Regards,
Kyaw Khaing

aungye January 31, 2010 at 9:30 am

mediafire က access denied ဖြစ်နေတယ် ဘာလို့လဲသိဘူး

kso February 10, 2010 at 3:20 am

ကိုယ်ကြိုက်တဲ့ သီချင်းအဆိုတော်အလိုက် ရှာရတာ တော်တော်ကိုခက်နေပါတယ်။ :( ဆင်ပေါက်သီချင်းလိုချင်လို့ ဆင်ပေါက်ပျောက်နေပါတယ်။ :mrgreen: Categories လေးလုပ်ပေးရင်အဆင်ပြေမယ်ထင်ပါတယ်။

ရဲမင်းထွန်း March 10, 2010 at 5:55 am

mediafire ၀က်ဆိုက်ကို .. မြန်မာပြည်က ဘမ်းလိုက်ပီ အဟင့် ..

amk March 13, 2010 at 6:55 pm

ဝါသနာရှင် သီချင်းတင်ချင်လို့ ဘယ်လိုလုပ်ရမလဲကုညီကြပါအုံး။

Admin March 14, 2010 at 3:08 am

@kso: ညာဖက်ဆိုက်ဘားမှာ Category တွေရှိပြီးသားပါ။ အဆိုတော်နာမည်တွေ အရမ်းများလွန်းလို့သာ ရှာရတာပျောက်နေတာပါ။ အလွယ်ရှာနည်းတစ်ခုပြောပြပါ့မယ်။
Mozilla Firefox မှာ Ctrl + F (control + F key) ကို တွဲနှိပ်လိုက်ရင် Search Box တစ်ခုပေါ်လာပါမယ်။ အဲ့ဒီ့ထဲမှာ ဥပမာ ဆင်ပေါက်ကိုရှာချင်ရင် “ဆင်” ဆိုပြီးရိုက်လိုက်ပြီး Next ကိုနှိပ်နှိပ်သွားလိုက်ရင် တွေ့ပါလိမ့်မယ်။ ကျွန်တော်စမ်းပြီးသွားပါပြီ။

Admin March 14, 2010 at 3:13 am

@amk: အရင်ဆုံး ကိုယ်တင်ချင်တဲ့ သီချင်းကို Mediafire နဲ့အရင်တင်ထားပြီး လင့်ကို မှတ်ထားပါ။ ပို့စ်တင်နည်းကို အပေါ်မှာ ဖတ်ကြည့်ပြီး ၀ါသနာရှင် Category အောက်မှာ ထည့်လိုက်ရင် ရသွားပါပြီ။ တင်ရတာအရမ်းခက်ခဲနေသေးရင် Mediafire လင့်ကို mma[.at.]mmblogs.net ကို အဆိုတော်နာမည်၊ သီချင်းနာမည်နဲ့ သီချင်းရေးဆရာ စသည်ဖြင့် ပို့ပေးလိုက်ပါခင်ဗျာ။

Leave a Comment