Help!


Share Member များနှင့် သက်ဆိုင်သော Help များ

For all Share Members @ MMA

Please take a look at this video at least ONE Time for standard rules and best practices.

အခု Tutorial အသစ်ကို Video နဲ့တင်ပေးထားပါတယ်ခင်ဗျာ။ MMA Server နဲ့တင်ပေးထားပါတယ်။ ကြည့်ရတာအဆင်မပြေရင် ဒီနေရာမှာ ဒေါင်းလုပ်ချပြီး ကြည့်နိုင်ပါတယ်။ Step အဆင့်ဆင့်ကို စာနဲ့ရှင်းရှင်းလင်းလင်း ဖော်ပြပေးထားပါတယ်။

[flv:http://myanmarmp3album.com/wp-content/uploads/2011/06/How-to-post-with-Wordpress-by-Myanmar-Mp3-Album-Computer3.mp4 640 360]

Video ကြည့်ပြီးသူများအတွက် အရေးကြီးဆုံး အချက်များကို စာနဲ့ပြန်ရေးလိုက်ပါတယ်။

Step 1. Register ( Mail Box ထဲမှာမတွေ့လျှင် Spam List ထဲမှာရှာကြည့်ပါ)
Step 2. သီချင်းအခွေ နာမည်ကို ထည့်ပါ။
Step 3. ပုံ ရလျှင် ပုံကို Upload လုပ်ပါ။ ပုံဆိုက်ကို Width = 300 ထားပါ။ Height ကိုသက်မှတ်ပေးစရာမလိုပါ။
Step 4. သီချင်းနာမည်များ ထည့်ပါ။
Step 5. ဒေါင်းလုပ်လင့်ထည့်ပါ။
Step 6. ဒေါင်းလုပ်လင့် အပေါ်မှာ ‘Insert More Tag’ ထည့်ပြီး Hide လုပ်ပါ။
Step 7. Category ကို အောက်ပါ အချက်များအလိုက် ရွေးချယ်ပါ။
-(7.1) အဆိုတော်နာမည် (သီဆိုထားသော အဆိုတော်အားလုံး၏ အမည်များ)
-(7.2) အခွေ (တကိုယ်တော်) OR အဆိုတော် (အဖွဲ့) OR အခွေ (အများ) (တစ်ခုမဟုတ်တစ်ခု ရွေးရပါမည်)
-(7.3) New Myanmar Albums (သို့မဟုတ်) Unreleased Albums (သို့မဟုတ်) ၀ါသနာရှင် အခွေများ (တစ်ခုမဟုတ်တစ်ခု ရွေးရပါမည်)
အထက်ပါ အချက်သုံး ချက်လုံးကို ရွေးချယ်ပေးပါ။

Step 8. Category ထဲမှာ မတွေ့လျှင် Tag ထဲမှာ အဆိုတော် နာမည်များကိုထည့်ပါ။ တခြား အရာများကို ထည့်သွင်းခြင်း အားမပေးပါ။
Final Step. Publish နှိပ်ပါ။

Special Notes: (1) ပိုစ့်တင်ပြီးလျှင် ဒေါင်းလုပ်လင့်ကို အနည်းဆုံး တစ်ခေါက်ပြန်စစ်ဆေးပေးပါ။
(2) Mozilla Firefox Browser တွင် Control + F ကိုနှိပ်ပြီး Search Bar ပေါ်လာလျှင် မှန်ကန်စွာပေါင်းထားသော အဆိုတော်နာမည်ကို ထည့်ပြီး ရှာလျှင် လွယ်ကူ မြန်ဆန်စွာ လိုအပ်သော Category များကို ရှာတွေ့ပါမည်။

အထွေအထွေ Help များ

၁။ ပုံတွင် ဟိုင်းလိုက်အ၀ါရောင်ပြထားသော ဒေါင်းလုဒ်လင့်ကြည့်ရန်ကို နှိပ်ပါ။ ဒေါင်းလုဒ်လုပ်ရာတွင် အဆင်ပြေစေဖို့အတွက် ရွေးချယ်ဖို့ လင့် (၂) ခု (၃) ခုကို ကိုတွေ့ရပါလိမ့်မည်။

၂။ Mediafire ကဒေါင်းလုဒ်လုပ်ရန်အဆင်ပြေသောကြာင့် ပုံတွင်အစိမ်းရောင်ဟိုင်းလိုက်ပြထားသော Mediafire ကို Click နှိပ်လိုက်ပါက ဒေါင်းလုဒ်လုပ်လို့ရမည့် စာမျက်နှာပေါ်လာပါလိမ့်မည်။

၃။ ပေါ်လာတဲ့ စာမျက်နှာရဲ့ ဗယ်ဘက်ခြမ်း၌ Loading sign လေးပေါ်လာပြီး ခဏအကြာမှာ ပုံတွင်လိမ္မော်ရောင်ဟိုင်းလိုက်ပြထားတဲ့ Click here to start download ကို Click နှိပ်လိုက်ပါ။

၎။ ပုံတွင်ပြထားတဲ့ box လေးတစ်ခုကျလာတဲ့အခါ မြှားအနီရောင် ၁ လို့ထိုးထားတဲ့ Save to disk ကိုရွေးပေးပြီး မြှားအနီရောင် ၂ ထိုးထားတဲ့ OK ကိုနှိပ်လိုက်ရင် ကိုယ့်စက်ထဲကို သီချင်းဖိုင်ကို ဒေါင်းလုပ် လုပ်သွားပါလိမ့်မယ်။


၁။ Mediafire ဆိုဒ်တွင် ဖိုင်Upload လုပ်ရန်အတွက် Singup လုပ်ပြီး Account တစ်ခုဖွင့်ပြီးမှ မိမိဖိုင်ကို တင်တာပိုကောင်းပါတယ်။ Account မလုပ်ဘဲ ဖိုင်ကိုတင်ချင်ပါက တင်လို့လဲ ရပါသည်။

၂။ Account လုပ်ပြီး မိမိဖိုင်ကို တင်ပါက မိမိ Account Login ၀င်နေသ၍ မိမိတင်ထားသော ဖိုင်မပျောက်ပျက်ပဲ ရှိနေမှာပါ။ အကယ်၍ အကောင့်မလုပ်ပဲ ဒီတိုင်းတင်ပါက မိမိတင်ထားသောဖိုင်ကို ဒေါင်းလုပ် မလုပ်တဲ့အချိန် ကြာသွားတဲ့အခါ လင့်သေသွားပါလိမ့်မည်။

၂။ Mediafire တွင် ဖိုင်ကို Upload တင်ပုံတင်နည်းနဲ့ တင်ပြီး Share ဖို့အတွက် ဘယ်လင့်ကို ယူရမလဲဆိုတာကို အောက်ရှိ ဗီဒီယို၌ ပြသထားပါတယ်။

၃။ Dailymotion တွင်တင်ထားသော ဗီဒီယိုကို ကြည့်၍ အဆင်မပြေပါက ဒီနေရာတွင် ဒေါင်းလုပ်လုပ်နိုင်ပါသည်။


၁။ ဒေါင်းလုဒ်လင့် Part 1, Part 2 ရေးသားထားတာကို တွေ့လျှင် လင့်နှစ်ခုလုံးကို အရင်ဒေါင်းလုဒ်လုပ်ပါ။

၂။ ပြီးနောက် အဲဒီ Part 1, Part 2 နှစ်ခုကိုဆက်ရန်အတွက် Hjsplit ရှိရန်လိုအပ်ပါသည်။ မရှိသူများ ဒီနေရာမှာ ဒေါင်းလုဒ်လုပ်ပါ။

၃။ Hjsplit ကိုဒေါင်းလုဒ်လုပ်ပြီး ရလာတဲ့ zip ဖိုင်ကိုဖြည်ပါ။ မျှားခြစ်ပုံစံလေးနဲ့ Hjsplit လို့ရေးထားတဲ့ Icon လေးကိုတွေ့ပါလိမ့်မယ်။

၎။ သင်ခုန ဒေါင်းလုပ်ချထားတဲ့ Part 1, Part 2 ဖိုဒါ (Folder) ထဲကို Hjsplit Icon ကို copy ကူးလိုက်ပါ။

၅။ ပြီးနောက် Hjsplit ကို click လုပ်ပြီးဖွင့်ပြီးတာနဲ့ Join ဆိုတာကို Click လုပ်ပါ။ Input File ဆိုတာကို Click ထပ်လုပ်ပြီး ကိုယ်ခုန ဒေါင်းထားတဲ့ Part 1 ကိုရွေးပေးပြီး Open လုပ်လိုက်ပါ။

၆။ Start ဆိုတာကို Click လုပ်လိုက်တာနဲ့ သူဟာသူ ဖိုင်ဆက်ပေးပြီး ကိုယ်လိုချင်တဲ့ သီချင်းခွေရဲ့ Zip ဖိုင်တစ်ခုရသွားပါလိမ့်မယ်။


ဒီဆိုဒ်မှာ တင်ထားတဲ့ အခွေတွေကို ဖိုင်ဆိုဒ်ချုံ့တဲ့အနေနဲ့ mp3 ဖိုင်ကို zip (သို့) rar
ဖိုင်ပြောင်းပြီး တင်ထားပါတယ်။ ဒေါင်းလုပ်ချပြီးတဲ့အခါ mp3 ဖိုင်ရရှိဖို့ အတွက် zip (သို့) rar
ဆော့ဝဲ နဲ့ပဲ ပြန်ဖြေရတယ်။ Zip သို့ Rar ကိုဖြေဖို့အတွက် အောက်မှာရှင်းပြထားပါတယ်။

၁။ ဖိုင်ဖြေဖို့အတွက် 7-zip ဆော့ဝဲကို အရင်ဆုံး ဒီမှာ ဒေါင်းလုပ် လုပ်ပါ။

၂။ အောက်တွင်ရှိသော ဗီဒီယို ကျူတိုရီရယ်အတိုင်း ဆက်လုပ်ပါ။



ဒီလိုရှိပါတယ်………..
ပုံမှာပြထားသလိုမျိုးပါ………..။
Mediafire နဲ့ အခြားသော DL များနဲ့ ကွာခြားချက်တစ်ခုပါ………။
အပေါ်တစ်လိုင်းက…….Blackmore’s Night ဆိုရင် Ifile ကနေ ယူနေ(ဒေါင်း)တာပါ…………။
အောက်တစ်လိုင်းက……….နေမျိုးဆေး သီချင်းကို Mediafire ကနေယူနေ (ဒေါင်း)တာပါ……..။
များသောအားဖြင့် Downloader တွေဟာ………File တစ်ခုကို အပိုင်းလေးတွေအဖြစ်နဲ့ ခွဲပြီး………ဒေါင်းပေးပါတယ်………။
အပိုင်းများများ ပိုင်းပြီးခွဲယူ ဒေါင်းနိုင်လေလေ…….အချိန်တိုအတွင်းမှာ…….မြန်မြန်နဲ့ ပြီးအောင်ဆွဲချနိုင်လေလေပါပဲ………….။
ကျွန်တော်အရင်က…….Orbit (နတ်လမ်းကြောင်း)ကို အလွန်ကြိုတ်ပါတယ်……..အသုံးလည်း အလွန်တည့်ပါတယ်…………။
သို့ ပေမယ့်……..အားနည်းချက်လေး တစ်ခုက……..File တစ်ခုကို အများဆုံး ၁၀ ပိုင်းပဲ ခွဲပြီးဒေါင်းနိုင်ပါတယ်……………..။
ဥပမာ…….အခုနေမျိုးဆေး File ဆိုရင် အပိုင်း ၇၅ ပိုင်းနဲ့ ခွဲပြီးဒေါင်းထားတာပါ………(ဒါကတော့ အင်တာနက် ကွန်နက်ရှင်)ပေါ်မှာလည်း အများကြီး မူတည်ကွဲပြားပါတယ်………Internet Speed ကောင်းရင်ကောင်းသလို…….အပိုင်းတွေ ကိုလည်း အများကြီးပိုင်းပြီး……..ဆွဲချနိုင်ရင် မြန်မြန်ပြီးပါတယ်……..။
ကျွန်တော်ဟာ……Internet ပေါ်မှာရှိတဲ့ File တွေကို ဆွဲချတာကို အလွန်သဘောကျပါတယ်…….(ကိုဒေါင်းလွန်းလို့ တောင် နာမည် ပေးနိုင်ပါတယ်) Downloader တွေလည်း အတော်များများ သုံးခဲ့ဖူးပါတယ်…….၊ အခုအကြိုတ်ဆုံးတစ်ခုကတော့….
Star Downloader ပါဘဲ………။
တေးချစ်သူများလည်း စမ်းသပ် သုံးစွဲကြည့်စေချင်ပါတယ်………..။
ခင်မင်လျက်………..။
Shared by sayargye


၁။ ပထမဦးစွာ ဒီနေရာတွင် အကောင့်အရင်ဖွင့်ရပါမည်။

၂။ ထိုအကောင့်ဖွင့်သော အီးမေးလ်သည် MMA တွင် ဖွင့်ထားသော အီးမေးလ်နှင့်တူမှသာ ပုံပေါ်ပါမည်။

၃။ အကောင့်အောင်မြင်စွာဖွင့်ပြီးလျှင် စိတ်ကြိုက်ပုံများကို တင်ထားနိုင်ပြီး အဓိက အသုံးပြုမည့်ပုံကို ရွေးပေးထားရပါမည်။

၎။ ပထမဆုံးအကြိမ် ပုံတင်ပြီးပြီးချင်း ၃ ၄ နာရီကြာလောက်မှသာ Gravatar မှပုံကို MMA နေရာတွင်မြင်ရမည်ဖြစ်ပါသည်။

၅။ Gravatar သို့ သွားရောက် အကောင့်မဖွင့်လိုသူများ mma@mmblogs.net သို့ မေးပို့၍ တင်ချင်သော User Name နှင့် တင်လိုသောပုံကို ပေးပို့ပေးနိုင်ပါသည်။ သင့်ကိုယ်စား Admin ကတင်ပေးမည် ဖြစ်ပါသည်။

၆။ မိမိ တင်ထားသော Avatar ဘေးနားတွင် စိတ်ကြိုက် စာရေးသားနိုင်ရန်အတွက် အပေါ်ဆုံး ညာဘက်ထောင့်တွင် ရှိသော မိမိ Username ကို ကလစ်လုပ်လိုက်ပါ။

၇။ Your Profile and Personal Options ဒီစာမျက်နှာ ပေါ်လာပြီး အောက်ဆုံးနား ရောက်ခါနီးတွင် About Yourself ဆိုတာကို တွေရပါလိမ့်မည်။ သူအောက်ရှိ
Biographical Info ဆိုသောနေရာတွင် မိမိရေးချင်သောစာသားများ စိတ်ကြိုက်ရေးသားနိုင်ပါသည်။

၈။ ပြီးနောက် စာမျက်နှာအောက်ဆုံးနားရှိ Update Profile ကို ကလစ်လုပ်လိုက်ပါ။

၁။ သင်ဒေါင်းလုပ်ချချင်သော မီဂါအပ်လုပ် ဒေါင်းလုပ်လင့်ကို ကလစ်လုပ်ပါ။

၂။ တစ်ကယ်လို့ သင့်မှာ မီဂါအပ်လုပ်တူးဘား မရှိလျှင် မီဂါအပ်လုပ်တူးဘား ကို ဒေါင်းလုပ်ချပြီး အင်စတော လုပ်ပါ။

၃။ ပြီးနောက် လော့အင်ဝင်ပါ။ လော့အင်ဝင်ခြင်းဟာ လော့အင်မဝင်ခြင်းထက် ဒေါင်းလုပ်ချရတာ ပိုမိုလွယ်ကူစေပါတယ်။ တစ်ကယ်လို့ သင်ဟာ မီဂါအပ်လုပ်မှာ ရီဂျစ်စတာ မလုပ်ချင်ဘူးဆိုရင် ဒီယူဇာအကောင့်ကို အသုံးပြုနိုင်ပါတယ်။
(user name : mmebooks | password : forall )

၎။ ပေးထားသော အက္ခရာကို ရိုက်ထည့်ပြီး ဒေါင်းလုပ်ကို ကလစ်လုပ်ပါ။

၅။ ၂၅ စက္ကန်ခန့် စောင့်ပါ။

၆။ Clike here to Download ကို ကလစ်လုပ်ပြီး ကြိုက်သလို ဒေါင်းလုပ်ချနိုင်ပါပြီ။

 

259 thoughts on “Help!

  1. သူငယ်ချင်းတစ်ယောက်ရဲ့ သီချင်းလေး တင်ချင်လို့ 
    မတင်တတ်ဘူးဖြစ်နေတယ်ကူညီပေးပါလားဗျာ…..

  2. @ရန်လေး – myanmarmp3album[.at.]gmail.com ကိုမေးလ်ပို့လိုက်ပါခင်ဗျာ။ သီချင်းနာမည်၊ ဆိုသူနဲ့ ရေးသူလေးတော့ မမေ့စေနဲ့ပေါ့ဗျာ။

  3. @stray: Mediafire မှာတင်တဲ့လင့်တွေကို မပျက်ချင်ရင် Free Account ဖွင့်လိုက်ပြီး အဲ့ဒီ့အကောင့်အောက်ကို တင်ထားလိုက်ရင် မပျက်တော့ပါဘူး။ မကြာခဏတော့ ၀င်ဝင်ပေးရပါမယ်။ ဖိုင်တွေ အမြဲတင်နေရမယ်လို့ပြောတာမဟုတ်ဘူးနော်။ Account Inactive Policy ရှိလို့ပါ။ အသေးစိတ်ကိုတော့ mediafire.com မှာသွားဖတ်ကြည့်စေချင်ပါတယ်။
    ပိုက်ဆံနဲ့ ပေးဝယ်ချင်တဲ့အကောင့်ဆိုရင်တော့ Rapidshare (or) Hotfile ကိုအားပေးပါတယ်။ Megaupload ကတော့ ကိုရီးယားကား၊ ဂျပန်ကာတွန်းတွေကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေပါတယ်။

  4. ဟုတ်ကဲ့ ကျေးဇူး အရမ်းတင်ပါတယ်..
    ကျွန်တော် တင်ပြီး… ကြာတော့ ပျောက်ပျောက်သွားလို့ပါ..
    ကျွန်တော်က အမြဲတမ်းမ၀င်ဖြစ်တာကိုး..
    ကျေးဇူးပါပဲဗျာ..

  5. သီချင်းတင်ချင်တဲ့သူတွေအတွက် သီချင်းတွေကို ဖော်မတ်ပြောင်းနည်း၊ ဒါမှမဟုတ် ဖော်မတ်ပြောင်းတဲ့ဆော့လ်ဝဲလေး တင်ပေးရင်ကောင်းမယ်။ အကောင်းဆုံးဆော့လ်ဝဲလ်လေးပေါ့။ နောက်ပြီး တင်ပေးတဲ့သူတွေကို အများကြီးကျေးဇူးတင်ပါတယ်။

  6. KENNY G ခွေလေးတွေတင်ပေးပါ။
    စာသားမပါတဲ့ ဂီတာသံ။ တီးလုံးချည်းသက်သက် myleene klass မျိုးလေးတွေ ပါ တင်ပေးပါ။ အထူးကျေးဇူး။

  7. zip -rar ဖိုင်တွေ ဒေါင်းလော့ဆွဲပြီး ဖိုင်ြ့ပန်ဖွင့်တာမရပါဘူးခင်ဗျာ…
    ဘယ်လိုဖြစ်တာလဲမသိဘူး

  8. Is there anyone who knows the singer of “Ngar Wa Aung Ngo Mal” by the composer, Thomas? Because I cant find it and download it here unless i know the singer’s name. Thanks alot in advance.

  9. help me
    ကျနော် ကmusi download လုပ်ပေမဲ. မ ရ ဘူး။
    media fire က access လုပ်ထားတယ်။Rapid share က error ဖြစ်နေတယ်။
    အဲဒါ ဘယ် လိုလုပ်ရမလဲဆိုတာ ပြောပြပေးကြပါ ခင်ဗျာ။
    Myanmar mp3 sites ကိုဖွင်.တာ open ပေါင်းမနည်းတော.ပါ။
    please tell me.email ကajarjar1990@gmail.comပါ
    thank you for all.

  10. နေတိုးနဲ့ အိန္နြာကျော်ဇင် ရိုက်ထားတဲ့ ကဗျာမမှီတဲ့ အချစ်ဇတ်ကားထဲက
    ရိန်းမိုး ဆိုထားတဲ့ ဇတ်ဝင်တေးလေး တင်ပေးလို့ရရင် တင်ပေးပါလား
    ကျေးဇူးတင်းပါတယ်

  11. …. media fire မှာ တင်ပြီးသား ( link ရှိပြီးသား) သီချင်းတွေကို Myanmarmp3album မှာ Share လို့ ရလားမသိဘူး………
    …. သီချင်းတင်ပေးချင်ရင် member ၀င်ရလား.. ဒီအတိုင်းတင်ပေးလို့ ရော ရလားမသိဘူး… တဆိတ်လောက်သိချင်လို့ ပါ…………

  12. mma ရေ ကျွန်တော် သီချင်းစာအုပ် တွေလို့
    guitar တီးလို့ရမယ့် key cord တွေပါ
    ပါမယ့် သီချင်းစာ သားတွေလိုချင် လို့ပါ
    ဘယ်လို ဒေါင်းရမလဲ ဆိုတဲ့ way လေးရှိရင်
    လမ်းညွှန်ပေးပါလားခင်ဗျာ…..

  13. ကျွှန်တော့် ပို့စ်တွေကို ကြည့်ပေးပါအုံး။ ဘာတွေများ ညှိနေလို့လဲဗျာ။ တင်လိုက်တိုင်း အဆင်မပြေဖြစ်နေပါတယ်။ အကြောင်းအရင်းလေး သိပါရစေ။

  14. ကျွှန်တော့် ပို့စ်တွေကို ကြည့်ပေးပါအုံး။ တင်လိုက်တိုင်း Your comment is awaiting moderation ဖြစ်နေပါတယ်။ အကြောင်းအရင်းလေး သိပါရစေ။

    • I think it is because your comments contain links. That’s why the bots mixed it up with spam but don’t worry. The Admin will troubleshoot it as soon as possible.

  15. Admin ခင်ဗျား၊
    ကျွှန်တော်ရဲ့ ပို့စ် လေးခုလောက် ဆိုင်းငံနေပါတယ်။ကြာနေပါပြီ။ ပြီးတော့ အရင်တုန်းကတော့ ပို့စ်တွေချက်ချင်းတက်ပါတယ်၊ အခုနောက်ပိုင်း တင်တဲ့ ဖိုင်တွေအတွက် ပို့စ်တက်ဖို့ ဆင်ဆာအဖွဲ့ ကိုတင်ပေးနေရသလိုပဲ။ တစ်ချက်လောက် ကြည့်ပေးပြီး အသိပေးပါအုံးခင်ဗျာ။
    လေးစားစွာဖြင့်……

  16. 7 zip software ကိုဘယ်လိုသုံးရမှာလဲဗျ….ပြောပြပေးပါဦးဗျာ…..ဗီဒီယိုကျုဒိုရိရယ်က ဘာမှမပေါ်လို့ပါ…ကူညီပါနော်

  17. က်ေနာှတစ္ခုသိခ်င္ပာတယ္ခင္ဗ်ာ
    သိပ်မလုပ်တတ်လို့ ပာ တောင်းဆိုထားတဲ့သီချင်းတွေမှာပြန်ဖြေပေးချင်တာ
    ဘယ်လိုလုပ်ရပာသလဲခင်ဗျာအဆင်ပြေမယ်ဆိုရင်ပြောပြပေးစေလိုပာတယ်ခင်ဗျာ
    လေးစားစွာဖြင့်
    ကိုကြီးသက်

  18. Our Twitter
    Follow me
    ဆိုတဲ့အောက်ကကွက်လပ်ကြီးမှာ
    Recent Post ဆိုပြီး (၂) မျက်နှာစာလောက်
    Post နာမည်တွေ တန်းစီဖေါ်ပြပေးရင်ကောင်းမယ်ထင်တာဘဲနော်။
    ကျွန်တော် Post တစ်ခု( ဓမ္မဒါန -၅ )
    တင်ပြီးလို့တစ်မိနစ်မကြာဘူး နောက်တင်တဲ့Post တွေကြောင့်
    နောက်စာမျက်နှာရောက်သွားတယ်လေ။
    အကြံပြုတာပါခင်ဗျာ။

    ခင်မင်လေးစားစွာဖြင့်
    YeeWaiAung

  19. Admin ခင်ဗျား

    Our Twitter
    Follow me
    ဆိုတဲ့အောက်ကကွက်လပ်ကြီးမှာ
    Recent Post ဆိုပြီး (၂) မျက်နှာစာလောက်
    Post နာမည်တွေ တန်းစီဖေါ်ပြပေးရင်ကောင်းမယ်ထင်တာဘဲနော်။
    ကျွန်တော် Post တစ်ခု( ဓမ္မဒါန -၅ )
    တင်ပြီးလို့တစ်မိနစ်မကြာဘူး နောက်တင်တဲ့Post တွေကြောင့်
    နောက်စာမျက်နှာရောက်သွားတယ်လေ။
    အကြံပြုတာပါခင်ဗျာ။

    ခင်မင်လေးစားစွာဖြင့်
    YeeWaiAung

  20. hi ! please let me know ! What ‘s your rule ? If we want to upload some songs on your website, never give any chance . Depend on song quality or your friend’s song ? We already send many good underground songs but can’t get any reply. please may I know why you reject and can’t accept . please can u give me a reason ? thank you so much , just want to know.

  21. မမြင်နိုင်အောင်လျို့ဝှက်ထားတယ် အကြင်နာမျက်ဝန်းတွေ ငါ့အချစ်တွေ မင်းမသိအောင် ဟန်ဆောင်လိမ်ညာရင်း မဆုံနိုင်အောင် ကြိုးစားရင်း ငါ နာကျင်နေပါပြီ ဘယ်သူမှ မသိနိုင်တဲ့ ငါ့အချစ်တွေ မင်းလည်း မသိဖို့လေ

    အဲဒီ သီချင်းလေး လိုချင်ပါတယ် ကျေးဇူးပြုပြီး မေးလ်ပို့ပေးပါလားခင်ဗျာ
    နာမည်လည်းမသိဝူးဗျ
    ကျေးဇူးတင်ပါတယ်

    • သူတို့ရဲ့ tribute အခွေက (၁၀)ခွေလောက်ရှိတယ်ဗျ။ ဘယ်အခွေကို တင်ပေးလိုက်တာပါလိမ့်။ သီချင်းခေါင်းစဉ်လေးပါ ညွှန်းပေးပါဦး ခင်ဗျာ။ ဒီမှာက ပို့စ်တင်ပေးနေတဲ့သူတွေရှိပါတယ်။ တင်တာအဆင်မပြေရင် လင့်ခ်နဲ့ သီချင်းခေါင်းစဉ်ပါပေးခဲ့ပါ။ တင်ပေးကြပါလိမ့်မယ်။

  22. သီချင်းတစ်ပုဒ်လောက်တောင်းချင်လို့ ဒီမှာတောင်းလို့ရလားမသိဘူး
    တောင်းချင်တဲ့သီချင်းက နာမည်တော့ မသိပါဘူး နီနီဝင်းရွှေ ဆိုထားတာလို့တော့ သိပါတယ် စာသားလေးတော့ နည်းနည်းရပါတယ်…
    “ကိုကိုဂစ်တာတီးရင် ညီမဂစ်တာလေးဖြစ်ချင်တယ် ကိုကိုတီးသမျှခံပါ့မယ် ကိုကိုနဲ့ပဲနေမယ်စိတ်ကူးတယ်” ဆိုတဲ့စာသားလေးပါပါတယ် အရမ်းလိုချင်လို့ တောင်းတာပါ

    • @ အီမင်ချစ်
      သီချင်းနာမည်က ကိုကိုနဲ့ ပဲနေမယ် စိတ်ကူးတယ် လို့ ထင်ပါတယ်

  23. BigBag+Reason+Wanted+Idiots ရဲ့ S.I.R Album ကို တောင်းဆိုထားသူရဲ့အောက်မှာ reply ပြန်ထားပါတယ်… ဘယ်လိုတင်ရမှန်းမသိလို့ပါ…

  24. ကိုတော်ကြီး၊
    ကျနော် အမ်အမ်အေရဲ့ Homeမှာ ပြောင်းပြီးပြန်တင်လိုက်ပါတယ်။
    ကျေးဇူးပါ။

  25. full house ဇာတ်ကားထဲကသီချင်းနဲ့ သံစဉ်တူတဲ့ ဇော်ပိုင်ဆိုထားတဲ့သီချင်းလေးလိုချင်ပါတယ်..

  26. အရင်တုန်းကလို့ မန်ဘာဝင်ပီးရင် သီချင်းတင်ပေးလို့ မရတော့ဘူးလား Dashboard လည်း မတွေ့ ရတော့ ဘူး အရင်လို မန်ဘာတွေ ဝင်တင်နိုင်အောင် ပြန်လုပ်ပေးထားရင်ကောင်းပါတယ် ကျွန်နော့်မှာ ရှိတဲ့ သီချင်းလေးတွေ လည်း ပြန်မျှချင်တာကြာပါပီ သီချင်းလောက မှာ မတွေ့ သေးတဲ့ သီချင်းလေးတွေပါ တရားဝင်ခွေမထွက်ထားတဲ့ သီချင်းလေးတွေပေါ့ .. နိုင်ငံရေးနဲ့လည်း ကင်းရှင်းပါတယ် ဘာသာရေးလည်း ကင်းရှင်းပါတယ် အချစ်သီချင်းလေးတွေပါ … တင်ပေးချင်ပါတယ် ဘယ်လို လုပ်ရမယ်ဆိုတာ မသိဖြစ်နေပါတယ် ကျေးဇူးပြုပီး ပြန်ကြားပေးပါလို့ Admin ကို တောင်းဆိုလိုပါတယ်

    • အက်ဒမင်အစား ပြောပေးတာပါ။
      အရင်လို မန်ဘာတွေအာလုံးသီချင်းတွေတင်လို့ရပါတယ်။ သီချင်းတင်ဖို့စာမျက်နှာကို မတွေ့တာလားဗျ။ myanmarmp3album[.at.]gmail.com ကိုမေးလ်ပို့လိုက်ပါဗျာ။ သီချင်းနာမည်၊ ဆိုသူနဲ့ ရေးသူလေးတော့ မမေ့စေနဲ့ပေါ့ဗျာ။ (သို့)
      လင့်လေးပေးခဲ့ပါ။ ကျနော် ကူညီပြီးတင်ပေးပါ့မယ်။

  27. သီချင်းတောင်းခြင်ရင်ရော myanmarmp3album[.at.]gmail.com ကိုမေးပို့ပြီးတောင်းလို့ရပါသလားခဗျာ……

  28. မင်္ဂလာပါခဗျာ

    ကျနော်ကို အဆင်ပြေရင် ဒီလင့်က audio cd လေးကို mediafire မှာတင်းပေးပါခဗျာ

    http://www.amazon.com/Native-Americans-Robbie-Robertson-Ensemble/dp/B000002TOC/ref=sr_1_1?s=music&ie=UTF8&qid=1314265980&sr=1-1

    အဲ့ဒါမရလဲး red indian music album လေးတွေတင်ပေးပါလို့ တောင်းဆိုပါတယ်ခဗျာ…

    • ကျေးဇူးပြုပြီး နောက်တစ်ခါသီချင်းတောင်းချင်ရင် international song request အောက်မှာတောင်းပေးပါဗျာ။သက်ဆိုင်ရာ ခေါင်းစဉ်အောက်မှာဆိုတော့ တစ်ယောက်ယောက်ကတွေ့ပြီး တက်နိုင်သမျှအမြန်ဆုံးကူညီပေးနိုင်အောင်လို့ပါ။ တောင်းထားတဲ့ သီချင်းအယ်ဘမ်ကိုတော့ အမ်အမ်အေရဲ့ Home မှာတင်ထားပေးလိုက်ပါပြီ။ မေးပို့ပြီးတောင်းတာကတော့ ……. ?

  29. “မြန်မာတွေနိုးထလာပြီး တို့ အမျိုးသားတိုင်းပြည်” …. ဒီစာသားလေးပါတဲ့ သီချင်း ရှိပါသလား။ လိုချင်လို့ပါ။
    အဆိုတော်လည်း မသိဘူး။ သီချင်းနာမည်လည်းမသိဘူး။
    ငယ်ငယ်တုန်းက TV မှာလာလာနေတာ လေ။

  30. တေးေ၇း နောင်နောငs်unflowerေ၇းသားပြီး ကောင်းကောင်း . မို့မို့လွင် တို့ဆိုထား တဲ့ မင်းကိုသတိ၇၇င် ဆိုတဲ့ သီချင်းလေးကူးချင်လို့ ပါ၇ှင်။
    ၇ှာတာမ၇ှာတတ်လို့ လားမသိဘူး ၇ှာမ၇ဘူးဖြစ်နေလို့ ကူညီပါအုံးနော်။

  31. အသစ်ထွက်တာလေးတွေ နောက်ကျနေလို့ မေးနေကုန်ကြပြီ .. အဲဒါကြောင့် ကိုယ်တိုင်လဲ တင်ရမှာ မလုပ်ခြင်ဘူး အဲဒါကြောင့် download link ကိုမေးလ်ပို့လိုက်မယ် … ဖြစ်မလား

Leave a Reply

You must be logged in to post a comment.